TNLA အဖွဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ စက်တင်ဘာလ (၂၆)ရက်နေ့ မနက်ပိုင်းတွင် TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါ တယ်။
“ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာ၏ အနောက် တောင်ဘက်မီတာ ၁၇၀၀ ခန့်အကွာမှ လက်နက်ကြီး များဖြင့် အပြစ်မဲ့အရပ်သား ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကျေးရွာ အတွင်းသို့ ထိခိုက်ပျက်စီးစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဝေးမှ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက် လာခဲ့ကြောင်းနှင့် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်း နေထိုင်လျက်ရှိသည့် ၁၁ နှစ်အရွယ်အပြစ်မဲ့ အရပ်သားကလေးငယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA အဖွဲ့ဝင်များသည် အဆိုပါကျေးရွာ၏ အနောက်တောင်ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အပြစ်မဲ့အရပ်သားကလေးငယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်ဖတ် ကာပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိသည်” သတင်းထုတ်ပြန်ထားပါတယ်။
More Stories
NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ကျင်း ပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအ နားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း...
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဖြစ် ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန် ကန်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ ထို့ပြင် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့်နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံစနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေး၊ သီရိမင်္ဂလာစျေး နှင့် သမိုင်းချောင်းတို့ကို ယာယီသမ္မတ လိုက်လံကြည့်ရှု စစ်ဆေး
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေး၊ သီရိမင်္ဂလာစျေးနှင့် သမိုင်းချောင်းတို့ကို လိုက်လံကြည့်ရှု၍ ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင်...
အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာသူများပြား
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)ကို လာရောက်လေ့လာသူတွေများပြားပြီး စည်းကားနေ တယ်လို့ သိရပါတယ်။ အာကာသပြတိုက်(ရန်ကုန်)ကို အပတ်စဉ် အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ ခြောက်ရက်တိုင်တိုင် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။...
တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှာကြား
မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ဆေးပညာရပ်များကို ကျွမ်းကျင်ထက်မြက်နေအောင် အစဉ်လေ့လာဆည်းပူးနေပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက...
ဒေသပန်းမျိုးနှင့် နိုင်ငံခြားပန်းမျိုးများအားလုံး ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ယာယီသမ္မတ မှာကြား
ဒေသပန်းမျိုးနှင့် နိုင်ငံခြားပန်းမျိုးများအားလုံး ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်...
