// | DailyBriefNews ဒရာမာဇာတ်လမ်းပုံစံ “မင်္ဂလာရှိသော သတို့သား” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး -

ဒရာမာဇာတ်လမ်းပုံစံ “မင်္ဂလာရှိသော သတို့သား” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၆

ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်သည့် “မင်္ဂလာရှိသော သတို့သား” ဒရာမာရုပ်ရှင်ဇာတ်ကား၏ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရား၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားသည် ခင်ပွန်းကောင်းတစ်ဦး၏ မိသားစုအပေါ် ထားရှိသည့် မေတ္တာ၊ စေတနာနှင့် မင်္ဂလာဆောင်ခြင်းဆိုသည်မှာ နှစ်ဖက်ဆွေမျိုး အသိုင်းအဝိုင်းများ ပေါင်းစည်းခြင်းဖြစ်၍ အပြန်အလှန် သည်းခံ၊ ခွင့်လွှတ်၊ နားလည်ပေးမှုဖြင့် အိမ်ထောင်ရေး သာယာပုံတို့ကို မီးမောင်းထိုးပြထားသည့် ဒရာမာ အချစ်ဇာတ်လမ်း ပုံစံဖြစ်ပါတယ်။ ဝတ္ထု ဆွေဆွေအောင်၏ ဇာတ်လမ်းကို ဒါရိုက်တာနှင့် ဇာတ်ညွှန်း အကယ်ဒမီ ဇော်မြင့်ဦး၊ တွဲဖက်ဒါရိုက်တာ အောင်ဩဘာတို့က ယခုလအတွင်း စတင်ရိုက်ကူးသွားမည် ဖြစ်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် အကယ်ဒမီ ခန့်စည်သူ၊ စိုင်းစည်တွမ်ခမ်း၊ ဘုဏ်းရှိန်ခန့်၊ ဟန်ထူးဈာန်၊ ကောင်းမြတ်စံ၊ အကယ်ဒမီ ခိုင်နှင်းဝေ၊ အကယ်ဒမီ ခြူးလေး၊ ဝေလာရီ၊ ရှင်မင်းဆက်၊ စနိုးကြည်ဖြူ၊ ညီဂျော်၊ ခင်မို့မို့အေး၊ ပြည့်ကောင်းစုသန့် အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်အားဖြည့် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံစိမ်းတစ်စည် ဒေါ်လာ ၁၀၀ ကျော်သို့ ပြန်လည်မြင့်တက်
Next post အသက် ၄၅ နှစ်ပြည့် မွေးနေ့တွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ဆေးပဒေသာပင်အတွက် ကျပ်သိန်း ၅၀ မတည်လှူဒါန်းခဲ့သည့် နေတိုး