ပေါတိုအသင်းအား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဒ် ပွဲစဉ်တွင် ဟာလန်း ၂ ဂိုး သွင်းယူ

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
မန်ချက်စတာစီးတီး အသင်းသည် ပေါတိုအသင်းအား သက်သောင့်သက်သာဖြင့် အနိုင်ရရှိကာ ယခုရာသီ ချန်ပီယံလိဒ် ပြိုင်ပွဲကို အနိုင်ဖြင့် စတင်နိုင်ခဲ့ပြီး ယင်းပွဲစဉ်တွင် တိုက်စစ်မှူး ဟာလန်း (Erling Haaland) က ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
နော်ဝေ တိုက်စစ်မှူး ဟာလန်းသည် ပြီးခဲ့သည့် စနေနေ့က ကိုဗင်ထရီအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင်လည်း အရေးပါသည့် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ယခုပွဲစဉ်တွင်လည်း ခေါင်းတိုက်ဂိုးတစ်ဂိုး အပါအဝင် ၂ ဂိုး ထပ်မံသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် ဟာလန်းသည် မန်စီးတီးအသင်းအတွက် ချန်ပီယံလိဒ် ပွဲပေါင်း ၄၀ ၌ ၃၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန် နည်းပြ အန်ဇို မာရက်စကာ (Enzo Maresca) ၏ မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၃ ပွဲဆက် အနိုင်ရရှိထားပြီး ယခုပွဲစဉ်တွင်လည်း လူငယ်ကစားသမား အယူးဘ် ဘူအာဒီ (Ayyoub Bouaddi) ၏ ခြေစွမ်းပြမှုနှင့်အတူ ပွဲကို အသာစီးမှ ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ ပေါတိုအသင်း ဂိုးသမား ဒီယိုဂို ကော့စတာ (Diogo Costa) အနေဖြင့် ဟာလန်း၏ အပိုင်ကန်ချက်များအပြင် အန်တွမ် ဆီမန်ယို (Antoine Semenyo) နှင့် ဖီးလ် ဖိုဒန် (Phil Foden) တို့၏ ကန်သွင်းချက်များကို ကာကွယ်နိုင်ခဲ့သော်လည်း ပေါတိုအသင်းမှာ ပထမပိုင်းတွင် ဂိုးကန်သွင်းခွင့် တစ်ကြိမ်မျှ မရရှိခဲ့ပဲ မန်စီးတီးရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ ရလဒ်ကြောင့် ၂၀၀၄ ခုနှစ် ချန်ပီယံ ပေါတိုအသင်းသည် ဥရောပပြိုင်ပွဲများတွင် အင်္ဂလန်ကလပ်များနှင့် နောက်ဆုံး ၁၇ ပွဲ ယှဉ်ပြိုင်ရာ၌ ၂ ပွဲသာ အနိုင်ရရှိခဲ့ဖူးသည့် မှတ်တမ်းဆိုး ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး၊ မန်စီးတီးအသင်းကမူ ၂၀၂၃ ဖလားသုံးလုံးဆွတ်ခူးခဲ့သည့် ရာသီပြီးနောက် ပထမဆုံးအကြိမ် ချန်ပီယံလိဒ်ဖလားကို ပြန်လည်ဆွတ်ခူးနိုင်ရေးအတွက် ခြေလှမ်းကောင်းစတင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
