ရေဘေးသင့်ပြည်သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး

စက်တင်ဘာလ ၈ ရက်၊ ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
လုပ်ငန်းများ ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သွားရောက်ကြည့်ရှုအားပေးပြီး ပျောက်ဆုံးပျက်စီးသွားတဲ့ ရေဘေးသင့်ပြည်သူများရဲ့ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နဲ့ UID နံပါတ်တို့ကို ကာယကံရှင်တစ်ဦးချင်းထံပေးအပ်ကာ ရေကြီးနစ်မြုပ်ခဲ့တဲ့ လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၅၀၊ လေးမျက်နှာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
