// | DailyBriefNews အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲတော် အောက်တိုဘာ ၁၂ ရက်တွင် စတင်မည် -

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲတော် အောက်တိုဘာ ၁၂ ရက်တွင် စတင်မည်

စက်တင်ဘာလ ၅ ရက်‌၊ ၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၏ ရက်အရှည်ကြာဆုံး ပွဲတော်တစ်ခုဖြစ်သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက် (၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်) အထိ ၁၈ ရက်တိုင်တိုင် အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် ပွဲတော်တွင် ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ၄ ဆူသည် အင်းလေးဒေသရှိ ၂၁ ဌာနစလုံးသို့ အပြည့်အဝ ဒေသစာရီ ကြွချီပူဇော်ခံမည်ဖြစ်ပြီး၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် အဖွဲ့ ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြု
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြု