// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၏ ထုတ်လုပ်မှု အဆင့်ဆင့်အား ကြည့်ရှုလေ့လာ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၏ ထုတ်လုပ်မှု အဆင့်ဆင့်အား ကြည့်ရှုလေ့လာ

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ပါတယ်။

အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ မော်တော်ယာဉ် ကားကိုယ်ထည် ဖိပုံသွင်းခြင်းမှစ၍ ကိုယ်ထည်တည်ဆောက်ခြင်း၊ ဆေးမှုတ်ခြင်း၊ အစိတ်အပိုင်းများ တပ်ဆင်ခြင်းနှင့် အပြီးသတ် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်သည့် အဆင့်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ခေတ်မီနည်းပညာ အသုံးပြုထားမှုများကို အသေးစိတ် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ