// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ပါတယ်။

အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များ၊ စက်ရုံအတွင်း ခေတ်မီနည်းပညာများ အသုံးပြု၍ လျှပ်စစ်ကားများ ထုတ်လုပ်တပ်ဆင်နေမှု အခြေအနေများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။

source: HOS

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် အဖွဲ့ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၏ ထုတ်လုပ်မှု အဆင့်ဆင့်အား ကြည့်ရှုလေ့လာ