// | DailyBriefNews နီပေါနိုင်ငံ ရေကြီးမြေပြိုမှု သဘာဝဘေးအတွက် မြန်မာသံအမတ်ကြီး ဦးသန့်စင် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး -

နီပေါနိုင်ငံ ရေကြီးမြေပြိုမှု သဘာဝဘေးအတွက် မြန်မာသံအမတ်ကြီး ဦးသန့်စင် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၆

နီပေါနိုင်ငံ၊ ရာဆူဝါခရိုင်နှင့် အနီးတစ်ဝိုက်ဒေသများ၌ ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပြည်သူများ သေဆုံးခဲ့ရပြီး နေအိမ်၊ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ယင်း သဘာဝဘေးအန္တရာယ် ဖြစ်စဉ်အတွက် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားရှိသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က စက်တင်ဘာ ၁ ရက်တွင် သွားရောက်၍ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အနုပညာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်
Next post ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်သည်၊ ကျောင်းသား၊ ကျောင်းသူ ထူးချွန်ဆုရရှိသူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်