// | DailyBriefNews ဒုတိယသမ္မတ ဦးညိုစော (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ -

ဒုတိယသမ္မတ ဦးညိုစော (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့လည်း လိုက်ပါသွားကြပါတယ်။ ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရုရှားသံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်သမ္မတ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
Next post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံ၍ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးရေး ဆွေးနွေး