// | DailyBriefNews SpaceX မှ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးအတွက် ဒေါ်လာ ၁၀၀ ဘီလီယံတန် အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေးစခန်း 'Starbase Louisiana' တည်ဆောက်မည် -

SpaceX မှ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးအတွက် ဒေါ်လာ ၁၀၀ ဘီလီယံတန် အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေးစခန်း ‘Starbase Louisiana’ တည်ဆောက်မည်

photo_2026-08-27_15-22-11

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် လနှင့် အင်္ဂါဂြိုဟ် (Mars) သို့ စူးစမ်းလေ့လာရေး စီမံကိန်းများအတွက် ဒေါ်လာ ၁၀၀ ဘီလီယံ ကုန်ကျခံ၍ အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည့် “Starbase Louisiana” ကို လူဝီစီယားနားပြည်နယ် တောင်ပိုင်း ပီကန်ကျွန်း (Pecan Island) ရှိ ဧက ၁၂၅,၀၀၀ ကျယ်ဝန်းသော မြေနေရာပေါ်တွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

အဆိုပါ စီမံကိန်း၏ အဓိက အချက်အလက်များမှာ တက္ကဆပ်နှင့် ဖလော်ရီဒါတို့ထက် ပိုမိုကြီးမားသည့် ၎င်းအာကာသစခန်းမှ အနာဂတ်တွင် တစ်နှစ်လျှင် Starship အာကာသယာဉ် အစီးရေ ထောင်ဂဏန်းအထိ လွှတ်တင်ရန် မျှော်မှန်းထားပြီး တည်ဆောက်ရေးကို လာမည့်နှစ်တွင် စတင်ကာ ပထမဆုံး လွှတ်တင်မှုကို ၂၀၂၉ ခုနှစ်၌ ပြုလုပ်ရန် စီစဉ်ထားပါတယ်။

မီသိန်းဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ တက္ကဆပ်မှ Starship ဒုံးပျံများ သယ်ယူရန် ရေနက်ဆိပ်ကမ်း၊ ဒုံးပျံ ပြုပြင်ထိန်းသိမ်းရေး စက်ရုံများနှင့် လေဆိပ်တစ်ခု ပါဝင်မည် ဖြစ်ပါတယ်။ (သို့သော် ဒုံးပျံထုတ်လုပ်သည့် စက်ရုံများ ပါဝင်မည်မဟုတ်ပါ)။

ဒေသတွင်း၌ ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာ ၉၂,၆၀၀ ရရှိမည့် အလုပ်အကိုင်ပေါင်း ၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ပါတယ်။

သဘာဝ ရေဝပ်ဒေသများနှင့် သစ်တော ဧရိယာအများစုကို မူလအတိုင်း ထိန်းသိမ်းသွားမည် ဖြစ်ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရေကြီးမှုမှ ကာကွယ်ရန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး လုပ်ငန်းများကိုပါ SpaceX က ရန်ပုံငွေ ကူညီပေးသွားမည် ဖြစ်ကြောင်း SpaceX ဥက္ကဋ္ဌ ဂွင်နီ ရှော့တ်ဝဲလ် က ပြောကြားခဲ့ပါတယ်။

အဆိုပါစခန်းသည် Starlink ဂြိုဟ်တု ကွန်ရက် တိုးချဲ့ရေး၊ AI ဂြိုဟ်တု ၁ သန်း လွှတ်တင်ရေးနှင့် NASA ၏ Artemis လကမ္ဘာ စီမံကိန်းတို့အတွက် ပါ ပထဝီဝင်အနေအထားအရ အလွန် အရေးပါသော လွှတ်တင်ရေးစခန်း တစ်ခုဖြစ်လာမည် ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အယ်လ်ဂျီးရီးယားတွင် အပူလှိုင်းကြောင့် တောမီးလောင်ကျွမ်း၍ လူ ၁၂ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရ
Next post အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် အဂတိလိုက်စားသော အရာရှိများကို သေဒဏ်ပေးရန်နှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းရန် ဆန္ဒပြသူများ တောင်းဆို