Myanmar League ပြိုင်ပွဲဝင် Chinland FC အသင်း၏ နောက်တန်းကစားသမား ငါးရက်ကြာ ပျောက်ဆုံးနေ၍ ဝိုင်းဝန်းကူညီ ရှာဖွေပေးရန် မေတ္တာရပ်ခံ

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆
Myanmar League တွင် ကစားနေသည့် Chinland FC ဘောလုံးအသင်းမှ ကျောနံပါတ် (၅) ဝတ်ဆင်သူ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် နောက်တန်းကစားသမား Pa Lung (ပါလျန်း) သည် ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်အပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံတွင် ဆင်း၍ Taxi ငှားကာ အဆောင်သို့ ပြန်ရန် ပြင်ဆင်စဉ်အထိ အဆက်အသွယ် ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်းမှစ၍ ငါးရက်တိတိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရပါတယ်။


အသင်းအနေဖြင့် သက်ဆိုင်ရာသို့ လူပျောက်အမှုဖွင့်ခြင်း၊ MFF နှင့် MNL တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အစွမ်းကုန် ရှာဖွေနေသော်လည်း ယခုအချိန်အထိ မတွေ့ရှိသေးသဖြင့် မည်သည့်နေရာတွင်မဆို တွေ့ရှိသူ သို့မဟုတ် သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများရှိပါက Chinland FC Page သို့မဟုတ် Head Coach ဥက္ကဋ္ဌ ဦးကေဘီ (09964269633) နှင့် ဒုတိယဥက္ကဋ္ဌ ဦးဂေါ်ဒွန်ထန်း (09454550017) သို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။
