ကျော်ရဲအောင် ဦးဆောင်ပြီး Time City မှာ “ဖေးမလို လက်ကမ်းကူညီကြပါစို” ရေဘေးအလှူခံမှု ကျပ် ၁၃၉ သိန်းကျော် ရရှိ


ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၆
မင်းသားကျော်ရဲအောင်ဦးဆောင်မှုနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်နေသူတွေအတွက် စာနာထောက်ထား ဂရုဏာလက်များနဲ့ “ဖေးမလို လက်ကမ်းကူညီကြပါစို” ရေဘေးအလှူခံခြင်းကို ယနေ့ ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Time City Promotion Area မှာ ပြုလုပ်ခဲ့ပပါတယ်။



“သူများကို လှူဒါန်းတယ်ဆိုတာ ကိုယ်တိုင်ရပ်တည်နိုင်မှ လှူနိုင်တာလေ။ ဘယ်လိုကူညီရမှန်းကို မသိတာ။ ရေဘေးသင့်သူတွေကြည့်ပြီး စိတ်ထဲမှာ တော်တော်လေးကို မကောင်းဘူး။ မနှစ်က မြေငလျင်ဘေးကလည်း တော်တော်ဆိုးဆိုးကြုံခဲ့ရတယ်။ အဲဒီတုန်းက စိတ်ကရောက်ပြီး လူကမရောက်ခဲ့ဘူးပေါ့။ ကိုယ်တိုင်ဦးဆောင်ပြီး စီစဉ်ပြီးတော့ အနုပညာညီအကိုမောင်နှမတွေ ပူပေါင်းပြီး အလှူခံကြတာပါ။ ထိထိရောက်ရောက် ခက်ခဲနေတဲ့နေရာတွေ လှူနိုင်ဖို အကောင်းဆုံးကြိုးစားသွားပါမယ်။ စိတ်မကောင်း တော်တော်လေးလည်း ဖြစ်ရပါတယ်။ ကျွန်တော်တို တတ်နိုင်တဲ့ဘက်က ကြိုးစားကူညီပေးပါမယ်”လို့ အကယ်ဒမီ ကျော်ရဲအောင်က ပြောပါတယ်။


အဆိုပါ အခမ်းအနားကို ကျော်ရဲအောင်၊ စိုးသီဟ၊ ကေငြိမ်း၊ ကေညီ၊ ထုတ်လုပ်သူ ကိုညို၊ ကိုသာဂိ၊ ပိုင်သစ်၊ လှမျိုးသဉ္ဇာနွယ်၊ ပိုပို၊ ငွေတီဦး၊ မြတ်နိုးပွင့်၊ မှုနံ့သာကျော်ရဲအောင်၊ သဒ္ဒါနန်းထက်၊ ခိုင်သဇင်သကို၊ သန့်သျှားသီသီ စတဲ့သူတွေ ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ရေဘေးအလှူအတွက် မ,တည်ငွေအနေနဲ့ ကျော်ရဲအောင် ကျပ် ၁၀ သိန်း၊ ဘုဏ်းသိုက် ကျပ် ၅ သိန်း၊ စိုးသီဟ ၁ သိန်း၊ ကိုအောင်ကျော် (jumper kid ) ကျပ် ၅ သိန်း၊ ကိုညို (ရွှေမြတ်မနော noodle drink) ကျပ် ၅ သိန်း၊ သောက်ရေသန့်ဘူး ၁၅၀၊ ကိုအောင်ကြီး(Emperor hotel N/dagon) ကျပ် ၅ သိန်း၊ အဆိုတော်ပိုပို ကျပ် ၃ သိန်းစသလို ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ယနေ့ အလှူခံမှုကနေ ခုနစ်ရက်သားသမီးလှူဒါန်းငွေ စုစုပေါင်း ၁၃၉ သိန်းကျော် ရရှိထားတယ်လို သိရပါတယ်။ Helping Hands Donation ရေဘေးအတွက် ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ K Pay Number 09660000440 ကနေ ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
