// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့ ယနေ့ တွေ့ဆုံ၊ နှစ်နိိုင်ငံ သမ္မတများရှေ့မှောက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့ ယနေ့ တွေ့ဆုံ၊ နှစ်နိိုင်ငံ သမ္မတများရှေ့မှောက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲကျင်းပသည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိစဉ် ရုရှားသမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံ သီးခြားတွေ့ဆွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ ရှေ့မှောက်၌ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် နှစ်နိုင်ငံ သမ္မတများ ဦးဆောင်ကာ ကရင်မလင်နန်းတော်၌ပင် သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှား ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး
Next post ကျော်ရဲအောင် ဦးဆောင်ပြီး Time City မှာ “ဖေးမလို လက်ကမ်းကူညီကြပါစို” ရေဘေးအလှူခံမှု ကျပ် ၁၃၉ သိန်းကျော် ရရှိ