ယနေ့ နာမည်ကြီးအနုပညာရှင်တွေက စစ်ကိုင်း တိုင်းဒေသကြီးရေဘေးသင့်ဒေသတွေကို ကိုယ် တိုင်သွားရောက်လှူဒါန်းခဲ့


ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်မှုနဲ့အတူ နာမည်ကြီး အနုပညာရှင်တွေက စစ်ကိုင်း တိုင်းဒေသကြီးရေဘေးသင့်ဒေသတွေကို ကိုယ်တိုင် သွားရောက်လှူဒါန်းတွေကို ယနေ့ ဩဂုတ်လ ၁၇ ရက်မှာ လုပ်ဆောင်ခဲ့ကြပါတယ်။
.
“ကျွန်တော်က ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းဖို စီစဉ်နေတာကတော့ ကြာပါပြီ။ ရုပ်ရှင်အစည်းအရုံးကို လာရောက်လှူဒါန်းထားတဲ့ အနုပညာရှင်တွေလည်းရှိသလို စေတနာရှင်တွေက ပါဝင်လှူတာတွေလည်းရှိပါတယ်။ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို စတင်ထွက်ခွာချိန်မှာ ရုပ်ရှင်လောကသားတွေလည်း ပါဝင်ပြီး လိုက်ပါပြီး ကိုယ်တိုင်ကိုယ်ကျပါဝင်လှူကြတယ်။ အကုန်လုံး အနုပညာရှင်တွေရော လူအင်အားရော အလှူအင်အားပါ ပေါင်းစည်းလှူဒါန်းရတော့ ရေဘေးသင့်သူတွေအတွက် လိုအပ်တာတွေ လိုအပ်တာတွေ တကယ်ရသွားတာပေါ့။ ဒီလို လှူဒါန်းရလိုလည်း ပီတိဖြစ်ရပါတယ်”လို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကိုပြောပါတယ်။



အဆိုပါ ရေဘေးသင့်ပြည်သူတွေသွားရောက် လှူဒါန်းဖိုအတွက် ရန်ကုန်မြို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းက စတင်ထွက်ခွာခဲ့ပြီး အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာဇော်မြင့်ဦး၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အကယ်ဒမီ ခိုင်နှင်းဝေ၊ စုရှိင်း၊ မတူး၊ အေမီဈာန်၊ နွယ်ပိုးအိမ်က အဖွဲတွေ၊ မွန်မြတ်စိတ်ထားပရဟိတအဖွဲစတဲ့သူတွေက ပူးပေါင်းကာ ဆန်၊ အဝတ်အထည်၊ ဆေးဝါး၊ ရေသန့်၊ စောင်၊ ငွေသား စတာတွေကို ပေးဝေလှူဒါန်းခဲ့ပါတယ်။




ဒါ့ပြင် ခိုင်နှင်းဝေ ဖောင်ဒေးရှင်းက စစ်ကိုင်း ရေဘေး ရုပ်ရှင်အစည်းအရုံးနဲ့ ပူးပေါင်းပြီးတော့ လေးမျက်နှာ ရေဘေးအတွက် အလှုငွေ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ ဆေးဝါးတွေကိုပါ ကျပ်သိန်း ၂၅၀၀ ဝန်းကျင်ကို ပါဝင်လှူဒါန်းခဲ့တယ်လို သိရပါတယ်။
