// | DailyBriefNews ထိုင်းနိုင်ငံ၊ ရယောင်းရှိ တရုတ် ဒေတာစင်တာ စီမံကိန်းတွင် မြန်မာနှင့် တရုတ် တရားမဝင် အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ -

ထိုင်းနိုင်ငံ၊ ရယောင်းရှိ တရုတ် ဒေတာစင်တာ စီမံကိန်းတွင် မြန်မာနှင့် တရုတ် တရားမဝင် အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ

photo_2026-08-13_10-33-03

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်၊ ဘန်ချန်မြို့ရှိ တရုတ်ပိုင် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက အာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ရာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း တရားမဝင် အလုပ်သမား ၂၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စီးနင်းမှုအတွင်း အလုပ်သမားအများအပြား အနီးရှိ တူးမြောင်းအတွင်း ခုန်ချ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ ဖမ်းဆီးရမိသူများအား ဘန်ချန်ရဲစခန်းတွင် တရားဥပဒေအတိုင်း အရေးယူကာ ပြည်နှင်ဒဏ်ပေးရန် ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အလုပ်သမား ငှားရမ်းခဲ့သည့် ကန်ထရိုက်တာ ၃ ဦးကိုလည်း အမှုဖွင့် တိုင်ကြားထားပါတယ်။ အဆိုပါ စီမံကိန်းသည် လပေါင်းများစွာ လည်ပတ်နေခဲ့ခြင်းဖြစ်ပြီး မြေယာနှင့် ဒေသခံများအပေါ် သက်ရောက်မှုဆိုင်ရာ စိုးရိမ်မှုများကြောင့် အာဏာပိုင်များက မြေပြင်စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မြို့လယ် လေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတင်ရသူ ၁၈၀ ကျော်အနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ဦးရှိပြီး ၁ ဦး သေဆုံး
Next post ရန်ကုန်၌ မီးပွိုင့် ၃၅၇ ပွိုင့်ရှိပြီး ယာဉ်ထိန်းရဲ အင်အား ၁,၀၀၀ ကျော် လိုအပ်နေကြောင်း တိုင်းလွှတ်တော်တွင် ရှင်းလင်း