// | DailyBriefNews ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၉၈ ဘီလီယံကျော် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း -

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၉၈ ဘီလီယံကျော် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စုစုပေါင်း ကျပ် ၁၉၈ ဒသမ ၀၁၄ ဘီလီယံကို ဩဂုတ် ၁၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က တင်သွင်းခဲ့ပါတယ်။

အဆိုပါ တောင်းခံမှုတွင် ဌာနအဖွဲ့အစည်း ၄ ဖွဲ့မှ သာမန်အသုံးစရိတ်အတွက် ကျပ် ၁၁ ဒသမ ၈၉၄ ဘီလီယံနှင့် ဌာနအဖွဲ့အစည်း ၁၁ ဖွဲ့မှ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၈၆ ဒသမ ၁၂၀ ဘီလီယံ ပါဝင်ပါတယ်။

မူလ ဘက်ညီဘတ်ဂျက် လျာထားခဲ့သော်လည်း ရငွေများမှာ မူလထက် ကျပ် ၄၀၃ ဒသမ ၄၁၅ ဘီလီယံ ပိုမိုရရှိမည်ဟု ခန့်မှန်းထားသဖြင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ရငွေ စုစုပေါင်း ကျပ် ၁၃၈၄ ဒသမ ၈၉၁ ဘီလီယံနှင့် သုံးငွေ စုစုပေါင်း ကျပ် ၁၁၇၉ ဒသမ ၄၉၀ ဘီလီယံ ရှိမည်ဖြစ်၍ ကျပ် ၂၀၅ ဒသမ ၄၀၁ ဘီလီယံ ပိုငွေပြမည်ဖြစ်ပါတယ်။

အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေများကို လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ တားတမံ ကာကွယ်ရေး၊ ဒေသခံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လစာ၊ စရိတ်၊ ပင်စင်များအတွက် သုံးစွဲသွားမည်ဖြစ်ပြီး လွှတ်တော်ကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို ဩဂုတ် ၁၄ ရက်တွင် ဖတ်ကြား တင်သွင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသည့် အသက် ၁၉ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်လာ
Next post အင်ဒိုနီးရှားတွင် KM Putri Yasmin ကူးတို့သင်္ဘော မီးလောင်မှုဖြစ်ပွား၊ ဝန်ထမ်း ၂၀၀ ကျော်ဖြင့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေ