သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှား ဗုဒ္ဓဘာသာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေးထိုး

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (SIBA) နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့အကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်စာချုပ် (CA) ကို ဩဂုတ် ၁၁ ရက်က မော်စကိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဆိုပါ စာချုပ်ကို သီတဂူဆရာတော်ကြီးနှင့် ရုရှားနိုင်ငံ ဖောင်ဒေးရှင်းနှင့် ရုရှား State University အာရှရေးရာ ဥက္ကဋ္ဌ Mr. Alexey Maslov တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်သက်တမ်းမှာ ၅ နှစ် ဖြစ်ပါတယ်။

ယခု သဘောတူညီချက်အရ ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သမိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ သင်ကြားရေးဆရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများ အပြန်အလှန် လဲလှယ်၍ သင်တန်းပို့ချခြင်း၊ ရှေးဟောင်းဗုဒ္ဓဘာသာစာပေများနှင့် သမိုင်းဝင်နေရာများဆိုင်ရာ ပူးတွဲသုတေသနပြုခြင်းတို့ကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရပါတယ်။




