// | DailyBriefNews ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို နိုင်ငံတော်သမ္မတ အလေးထားပြောကြား -

ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို နိုင်ငံတော်သမ္မတ အလေးထားပြောကြား

ဩဂုတ် ၅၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ဘာသာရေးလွတ်လပ်ခွင့်၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နိုင်ငံတော်တာဝန်များကို စိန်ခေါ်မှုများကြားမှ ကြိုးပမ်းထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နေပြည်တော်၌ ကက်သလစ်ဘုရားကျောင်း တည်ဆောက်နိုင်ရန် မြေနေရာခွင့်ပြုပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post E-Sports World Cup 2026 တွင် ဒုတိယဆုဆွတ်ခူးခဲ့သည့် Yangon Galacticos အသင်း ဆုကြေးငွေဒေါ်လာ ၅ သိန်း ချီးမြှင့်ခံရ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် စတင်ထွက်ခွာ