// | DailyBriefNews မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း -

မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

1785831742-5107x3404

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဘန်ကောက်ကို လာရောက်ဖို့ ရက်ပိုင်းအလိုတွင် ဩဂုတ် ၄ ရက် (အင်္ဂါနေ့) မှာ ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် က မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အာဆီယံကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်တဲ့ မူဝါဒဆိုင်ရာ မိန့်ခွန်းတိုမှာ အနုတင်က “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံအတွက် ထင်ရှားတဲ့ စိန်ခေါ်မှုဖြစ်တယ်လို့ “ထည့်သွင်းပြောကြားခဲ့တာပါ။ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံရဲ့ တူညီဆန္ဒ (၅) ချက်ကို ငြိမ်းချမ်းရေး လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်လက်ခံထားပေမဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမှာတော့ အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး ချဉ်းကပ်မှု (Calibrated re-engagement approach) ကို ပြောင်းလဲအသုံးပြုဖို့ အဆိုပြုခဲ့ပါတယ်။

ဒီလို ဆောင်ရွက်တာဟာ မှန်ကန်တဲ့ လမ်းကြောင်းဆီ ဦးတည်နေပြီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ မကြာမီက တွေ့ဆုံဆွေးစဉ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းမွန်တဲ့ ပုံပေါ်တာကိုလည်း အနုထင်က ကိုးကားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက်တင် မကဘဲ အာဆီယံရဲ့ စည်းလုံးရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက်ပါ မရှိမဖြစ် လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မဲမသမှုကြောင့် အရပ်သားအစိုးရကို တပ်မတော်က ဖြုတ်ချပြီးနောက်ပိုင်း အာဆီယံက မြန်မာနိုင်ငံကို ကင်းကွာအောင် ပစ်ပယ်ထားခဲ့ပြီး တူညီဆန္ဒ (၅) ချက်ကို ဖော်ဆောင်ခဲ့ပေမဲ့ တိုးတက်မှု နှေးကွေးခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ လွှတ်တော်ပေါ်ပေါက်ပြီး တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံအစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်နွေးထွေးလာနေပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား တရားဝင်မဟုတ်တဲ့ သီးခြားဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးခဲ့သလို၊ အနုထင်ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးမင်းအောင်လှိုင်ဟာ ကြာသပတေးနေ့မှာ ထိုင်းနိုင်ငံဆီ သွားရောက်မှာ ဖြစ်ပါတယ်။ နှစ်ဦးတွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။ အနုတင်ဟာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ အာဆီယံက အပြုသဘောဆောင် ပါဝင်လာရေး အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့် မြန်မာအသင်း
Next post ကျောင်းသားချင်းဓားနှင့်ထိုးသဖြင့် Grade – 8 ကျောင်းသား ဒဏ်ရာအပြင်းအထန်ရရှိမှု မြစ်ကြီးနားတွင် ဖြစ်ပွား