// | DailyBriefNews ပြစ်ဒဏ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သတ်မှတ်ထားသောနေအိမ်၌ ကျန်းမာပျော်ရွှင် လျက်ရှိ -

ပြစ်ဒဏ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သတ်မှတ်ထားသောနေအိမ်၌ ကျန်းမာပျော်ရွှင် လျက်ရှိ

ဩဂုတ် ၄၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁) အရ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသောနေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။

ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က လာရောက်တွေ့ဆုံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှိစဉ်က အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး နိုင်ငံတော်မှ ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ပေးထားတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ကောင်းမွန်စွာထားရှိသော နေအိမ်(တိုက်)တွင် ကျန်းမာရွှင်လန်းစွာဖြင့် ယခင်နှစ်များကဲ့သိုပင် မွေးနေ့ပွဲများကျင်းပခြင်း၊ မွေးနေ့ကိတ်များခွဲခြင်းများဆောင်ရွက်လျက်ရှိပြီး ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးနေသည့် လေးမျက်နှာမြို့နယ်တွင် နေအိမ်များ အားလုံးနီးပါးရေနစ်မြုပ်နေပြီး ရေလျော့ကျသွားခြင်းမရှိသေး
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မယ်