// | DailyBriefNews တရုတ်ပိုင်ကုမ္ပဏီတစ်ခုမှ လည်ပတ်သော ထိုင်းနိုင်ငံ၊ ရေယွန်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနိုင်ငံသားအများစု ဖြစ်သော တရားမဝင်နိုင်ငံခြားသားအလုပ်သမား ၃၈ ဦး ဖမ်းဆီးခံရ -

တရုတ်ပိုင်ကုမ္ပဏီတစ်ခုမှ လည်ပတ်သော ထိုင်းနိုင်ငံ၊ ရေယွန်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနိုင်ငံသားအများစု ဖြစ်သော တရားမဝင်နိုင်ငံခြားသားအလုပ်သမား ၃၈ ဦး ဖမ်းဆီးခံရ

viber_image_2026-07-22_14-46-01-057

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ရေယွန်ပြည်နယ်၊ နစ်ခွန်ပဿနာခရိုင်ရှိ တရုတ်ပိုင်ကုမ္ပဏီတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အာဏာပိုင်များက ဇူလိုင်လ ၂၁ ရက်က ဝင်ရောက်စီးနင်းခဲ့ရာတွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေသော နိုင်ငံခြားသား ၃၈ ဦးကို ဖမ်းဆီးရမိခဲ့ရာ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ရေယွန်ပြည်နယ်၊ အလုပ်အကိုင်ရုံးမှ တာဝန်ရှိသူများ၊ အထူးတပ်ဖွဲ့ (၁) နှင့် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှုဌာန (Isoc) မှ အရာရှိများက ဇူလိုင်လ ၂၁ ရက်တွင် နစ်ခွန်ပဿနာခရိုင်၊ ဖနာနီ ခွန်တမ်ဘွန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ယင်းစစ်ဆင်ရေးကို ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမားဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံခြားသားအလုပ်သမားများကို အလုပ်ခန့်ထားနေကြောင်း ဒေသခံများ၏ တိုင်ကြားမှုများအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အလုပ်အကိုင်ရုံးက ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့ပါတယ်။

ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဂိုဒေါင်၊ စက်ရုံနဲ့ ရုံးခန်းအဆောက်အအုံတွေ ငှားရမ်းတဲ့ တရုတ်ပိုင်ကုမ္ပဏီတစ်ခုက လည်ပတ်နေတာ ဖြစ်ပါတယ်။

ဝင်ရောက်စစ်ဆေးစဉ် အာဏာပိုင်များက တောင်းဆိုသည့်အခါ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်များ ပြသနိုင်ခြင်းမရှိသော နိုင်ငံခြားသားအလုပ်သမားများစွာကို လုပ်ငန်းခွင်တွင် တွေ့ရှိခဲ့ရပါတယ်။

စုစုပေါင်း နိုင်ငံခြားသား ၃၈ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရပါတယ်။ ၎င်းတို့တွင် တရုတ်အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား ၃၁ ဦး (အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၄ ဦး) နှင့် ကမ္ဘောဒီးယားအမျိုးသား ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။

အလုပ်သမား ၃၈ ဦးလုံးကို တရားဥပဒေအရ အရေးယူရန် ဖမ်းဆီးခဲ့ါတယ်။ အာဏာပိုင်များက ကုမ္ပဏီအား တရားဝင်အလုပ်လုပ်ခွင့်မရှိဘဲ နိုင်ငံခြားသားများကို အလုပ်ခန့်ထားမှုဖြင့်လည်း တရားစွဲဆိုခဲ့ပါတယ်။ အလုပ်သမားများကို တရားဥပဒေအရ အရေးယူရန် နစ်ခွန်ပဿနာခရိုင်၊ ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ
Next post ရိုးရာဖိုက်တာ နက္ခတ်မင်း ONE Championship ပွဲဦးထွက်တွင် ထိုင်းဖိုက်တာ ပွန်ပက်နှင့် ထိုးသတ်မည်