// | DailyBriefNews နိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ -

နိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းလျှောက်ထားရာတွင် အွန်လိုင်းကတစ်ဆင့် ကြိုတင်ရက်ချိန်းပေးခြင်းကို ဇူလိုင် ၂၃ ရက်က စတင်၍ ၃၀၀ ဦးစီ ထပ်မံတိုးချဲ့ပေးမည် 
Next post တရုတ်ပိုင်ကုမ္ပဏီတစ်ခုမှ လည်ပတ်သော ထိုင်းနိုင်ငံ၊ ရေယွန်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနိုင်ငံသားအများစု ဖြစ်သော တရားမဝင်နိုင်ငံခြားသားအလုပ်သမား ၃၈ ဦး ဖမ်းဆီးခံရ