// | DailyBriefNews အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား၏ သွင်းဂိုးဖြင့် ထိုင်းကလပ်ကို ရန်ကုန်စီးတီး အနိုင်ယူ -

အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား၏ သွင်းဂိုးဖြင့် ထိုင်းကလပ်ကို ရန်ကုန်စီးတီး အနိုင်ယူ

ဇူလိုင် ၂၂၊ ၂၀၂၆

၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ်အတွက် ရာသီကြိုပြင်ဆင်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် ပထမဆုံးခြေစမ်းပွဲ၌ ထိုင်းလိဂ်-၃ ကလပ် Pluak Daeng United အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါပွဲကို CK Stadium တွင် မိနစ် ၃၀ စီဖြင့် သုံးပိုင်းခွဲကစားခဲ့ပြီး ရန်ကုန်စီးတီးအသင်းက စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများကို ပေါင်းစပ်၍ ကစားခဲ့ကြကြောင်း သိရပါတယ်။

ပွဲချိန် ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သော်လည်း တတိယပိုင်းတွင် လူငယ်ကစားသမား နေလင်းသန့်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး၊ အသက် ၁၆ နှစ်သာရှိသေးသည့် ထက်အာကာဝင်းက ဒုတိယအနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/ MFF RTC နည်းပြသင်တန်း ဖွင့်လှစ်
Next post ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲ မနက်ဖြန်လုပ်မယ်