// | DailyBriefNews လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/ MFF RTC နည်းပြသင်တန်း ဖွင့်လှစ် -

လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/ MFF RTC နည်းပြသင်တန်း ဖွင့်လှစ်

ဇူလိုင် ၂၂၊ ၂၀၂၆

မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football Training Center (RTC) Technical Director and Coaches Workshop 2026-2027 (Phase-2) သင်တန်းကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါသင်တန်းကို ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ နည်းစနစ်ဒါရိုက်တာ Mr. Michiteru Mita နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ RTC နည်းပြများ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့်(၉၉)နှစ်မြောက်အခမ်းအနားသို့ တက်ရောက်
Next post အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား၏ သွင်းဂိုးဖြင့် ထိုင်းကလပ်ကို ရန်ကုန်စီးတီး အနိုင်ယူ