// | DailyBriefNews ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့်(၉၉)နှစ်မြောက်အခမ်းအနားသို့ တက်ရောက် -

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့်(၉၉)နှစ်မြောက်အခမ်းအနားသို့ တက်ရောက်

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၆

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့်(၉၉)နှစ်မြောက်အခမ်းအနားကို ဇူလိုင် ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်မှာ ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း၊ တရုတ်နိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ တရုတ်စစ်သံမှူးနှင့်ဇနီးတို့က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့်(၉၉) နှစ်မြောက်အထိမ်းအမှတ် ကိတ်မုန့်ကိုလှီးဖြတ်ပေးခဲ့ကြကြောင်း သိရပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တရုတ်စစ်သံမှူးတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ​မြန်မာနိုင်ငံဘက်သို့ တရားမဝင်ပို့ဆောင်မည့် FPV ဒရုန်းများနှင့် စက်ပစ္စည်းအမြောက်အမြားကို ထိုင်းအာဏာပိုင်များ ဖမ်းမိ​
Next post လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/ MFF RTC နည်းပြသင်တန်း ဖွင့်လှစ်