// | DailyBriefNews ဇမ္ဗူသီရိမြို့၊ သီရိရတနာအဆင့်မြင့်ဈေးအနီး လူသတ်၊ လုယက်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ် -

ဇမ္ဗူသီရိမြို့၊ သီရိရတနာအဆင့်မြင့်ဈေးအနီး လူသတ်၊ လုယက်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်

ဇူလိုင် ၂၁

နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ သီရိရတနာအဆင့်မြင့်ဈေးအနီး သီရိအနော်ရထာ (၁၁) လမ်းပေါ် လူသတ်၊ လုယက်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်နှင့် ထောင်ဒဏ်များကျခံစေရန် ပျဉ်းမနားခရိုင်တရားရုံးက ဇူလိုင် ၂၀ ရက်မှာ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လူသတ်၊ လုယက်မှုဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က ဇမ္ဗူသီရိမြို့ သီရိရတနာအဆင့်မြင့်ဈေးဆိုင်းဘုတ်အနီး သီရိအနော်ရထာ (၁၁) လမ်းပေါ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကိုဝင်းကျော်ထွန်းကို ခန္ဓာကိုယ်နေရာအနှံ ထိုးသွင်းဒဏ်ရာများဖြင့် လဲကျနေသဖြင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ပိုဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MLWC-11 ပြိုင်ပွဲမှာ အဲမွီနဲ့ သန့်ဇင်၊ ထွန်းမင်းအောင်နဲ့ ရာမာဥ်တို့ ယှဥ်ပြိုင်ထိုးသတ်မယ်
Next post အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်မှ နိုင်ငံအနာဂတ် ဖွံဖြိုးတိုးတက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား