// | DailyBriefNews မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သား/ သမီးတွေအတွက် ပညာထူးချွန်ဆုပေးပွဲနဲ့ ကျောင်းသုံးပစ္စည်း၊ ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲကို လာမယ့် ဇူလိုင်၂၅ ရက်မှာ ကျင်းပမယ် -

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သား/ သမီးတွေအတွက် ပညာထူးချွန်ဆုပေးပွဲနဲ့ ကျောင်းသုံးပစ္စည်း၊ ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲကို လာမယ့် ဇူလိုင်၂၅ ရက်မှာ ကျင်းပမယ်

ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ရုပ်ရှင်အစည်းအရုံးဝင်တို သား/ သမီးတွေအတွက် ပညာထူးချွန်ဆုပေးပွဲနဲ့ ကျောင်းသုံးပစ္စည်း၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို လာမယ့် ဇူလိုင်၂၅ ရက်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သားသမီးတွေကို ပညာသင်စရိတ် ထောက်ပံ့ကြေးတွေကို နှစ်စဉ်ထောက်ပံ့ပေးခဲ့တာပါ။ ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးဝင်လောကသားတွေရဲ့ သား/သမီးတွေ ပညာရည်ထူးချွန်ဆုပေးပွဲနဲ့ ကျောင်းသုံးပစ္စည်း၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့တာ အကြိမ်ကတော့ မနည်းတော့ပါဘူး။ ကိုယ့်လောကသားတွေကို အစည်းအရုံးက မ,တည်ပြီးတော့ အခြားအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ ရုပ်ရှင်လောကသားတွေရဲ့ သား၊ သမီးတွေအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးလည်းပေးဖြစ်တယ်။ အဖက်ဖက်က ဝိုင်းဝန်းလှူဒါန်းတာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကိုပြောပါတယ်။

အဆိုပါလှူဒါန်းမှုအတွက် လာမယ့် ဇူလိုင်၂၅ ရက်နေ့ နံနက် ၈ နာရီခွဲမှာ ရုပ်ရှင်လောကသားတွေက အစည်းအရုံးဝင်ကတ်ပြားယူဆောင်ပြီး သား/ သမီးတွေကို အဖြူအစိမ်းကျောင်းဝတ်စုံများဝတ်ဆင်ပြီး တက်ရောက်ပေးရမှာလည်း ဖြစ်ပါတယ်။    
         
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သား/သမီး ၂၁၈ ဦးကို ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။ 
     
ယခင်နှစ်က ပညာသင်စရိတ်ထောက်ပံ့ကြေး တစ်ဦးကို ကျပ်တစ်သောင်း၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲတံချွန်စက်၊ ကွန်ပါဘူး၊ ထီး၊ ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ နီလာဒံပေါက်၊ အအေး၊ ဆပ်ပြာဆီ၊ ဆေးတို့ကိုလည်း ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၁၁ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ
Next post ဒိုင်ကူတီးနား ဖြစ်မလာအောင် သေသေသပ်သပ် အနိုင်ယူပြခဲ့တဲ့ စပိန်က အာဂျင်တီးနားကို ဂိုးပေါက်တည့်အောင် ကန်သွင်းခွင့်တောင် မပေးဘဲ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူး