// | DailyBriefNews အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၁၁ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ -

အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၁၁ ဦးသေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ

ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၆

​အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး အခြား ၇ ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်း မီဒီယာများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ကြပါတယ်။

​အဆိုပါ ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများသည် အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော်ဖြစ်သော သီရိနဂါး (Srinagar) မြို့၏ အနောက်တောင်ဘက်ရှိ နယ်စပ်ချင်းထိစပ်နေသည့် ပွန့်ချ် (Poonch) နှင့် ရာဂျောင်ရီ (Rajouri) ခရိုင်နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

​တာဝန်ရှိသူများ၏ ပြောကြားချက်အရ တစ်ညလုံး မပြတ်တမ်း မိုးရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ မနက်အစောပိုင်းအချိန်တွင် ရာဂျောင်ရီခရိုင်၊ ဘီလာကော်လိုနီ (Bela Colony) ရှိ ဘတ်စ်ကားကွင်းအသစ် အပါအဝင် မြေနိမ့်ပိုင်းဒေသများသို့ ရေများဝင်ရောက်ခဲ့သဖြင့် ဒေသခံ ရာပေါင်းများစွာ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းခဲ့ကြရကြောင်း သိရပါတယ်။

​မြစ်ရေများလျှံတက်ပြီး ကမ်းပါးများ ကျိုးပေါက်ခဲ့မှုကြောင့် မော်တော်ယာဉ် အစီးရေ ဒါဇင်ပေါင်းများစွာ မျောပါသွားခြင်း သို့မဟုတ် ရေနစ်မြုပ်ခြင်းများ ဖြစ်ပွားခဲ့ကာ နေရာအနှံ့အပြားတွင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပါတယ်။

​မိုးဆက်တိုက်ရွာသွန်းနေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးနေခြင်းတို့ကြားမှပင် ပျောက်ဆုံးနေသူများကို ရှာဖွေရန်နှင့် ပိတ်မိနေသူများကို ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနပေါင်းစုံ ပူးပေါင်းထားသည့် ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

​အာဏာပိုင်များအနေဖြင့် ဇူလိုင် ၂၃ ရက်အထိ အိန္ဒိယထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသတစ်ဝန်းတွင် မိုးအသင့်အတင့်မှသည် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ရာသီဥတု သတိပေးချက်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းပွဲကို FPT Play ကနေပြသမယ်လို့ VFF ကြေငြာ
Next post မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သား/ သမီးတွေအတွက် ပညာထူးချွန်ဆုပေးပွဲနဲ့ ကျောင်းသုံးပစ္စည်း၊ ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲကို လာမယ့် ဇူလိုင်၂၅ ရက်မှာ ကျင်းပမယ်