// | DailyBriefNews ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုရာ လူခြောက်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေဆဲ -

ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုရာ လူခြောက်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေဆဲ

1000051406

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ ဆာရန်ဂါနီပြည်နယ်အတွင်း မာလာပါတန်မြို့၊ ပိုဘလာစီယွန် ရပ်ကွက်တွင် Sitio Blesong Fundao ၌ ဇူလိုင်လ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခဲ့ရာ အိမ်နှစ်လုံး မြှုပ်နှံခံရပြီးနောက် လူခြောက်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

မာလာပါတန်မြို့ စည်ပင်သာယာအဖွဲ့ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံး (MDRRMO) အကြီးအကဲ မတ်ခ် ခရစ်စတိုဖါ ကွီနိုက မြေပြိုမှုကြောင့် မာလာဒီးယန်းနှင့် ယာတုံ မိသားစုများ နေထိုင်သော အိမ်နှစ်လုံး မြှုပ်နှံခံရကြောင်း ပြောကြားခဲ့ပါတယ်။

အိမ်များကို တောင်စောင်းတစ်လျှောက်တွင် ဆောက်လုပ်ထားကြခြင်းဖြစ်ရာ မြေပြိုမှုကြောင့် နစ်မြုပ်နေသူများအနက် ညနေပိုင်းအထိ သေဆုံးနေသူခြောက်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့၍ သေဆုံးသူ များကို အတည်ပြုနိုင်ခဲ့ကာ ပျောက်ဆုံးနေသူ သုံးဦးအတွက် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကိုမူ  ဇူလိုင်လ ၁၀ ရက်တွင် နံနက်ပိုင်းတွင် အပျက်အစီးများ ကြားမှ ကယ်ဆယ်နိုင်ခဲ့ပြီး ကုသမှုခံယူရန် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။

အာဏာပိုင်များက ဇူလိုင်လ ၁၀ ရက်တွင် နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဇွန်လ ၈ ရက်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ရစ်ချ်တာစကေး မဂ္ဂနီကျူ့ ၇ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ရက်ပေါင်းများစွာ မိုးရွာသွန်းမှုကြောင့် မြေမျက်နှာပြင် အားနည်းသွားကြောင်းလည်း အရာရှိများက ယုံကြည်ကြပါတယ်။

MDRRMO က အနည်းဆုံး မိသားစု ၁၁၅ စုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်း သုံးခုတွင် နေထိုင်နေကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောင်းသူ ၁၁ ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ပင်စင်ယူခါနီး ထိုင်းကျောင်းအုပ်ကြီးတစ်ဦးအား ပြင်းထန်စွာ အရေးယူရန် ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေး အမိန့်ထုတ်
Next post မြန်မာနှင့် ကမ္ဘောဒီးယားတို့အပြီးတွင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာ တရားမဝင် အွန်လိုင်းလောင်းကစားဗဟိုချက်တစ်ခု ဖြစ်လာနေကြောင်း ပြည်သူ့ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ သတိပေး