နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တွေ့ဆုံ၊ လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာ

ဇူလိုင် ၆၊ ၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံတွင် ပညာသင်ကြားနေသည့် တပ်မတော်သားအရာရှိများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ပါတယ်။

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။
More Stories
ဗီယက်နမ်၏ နိုင်ငံခြားရေးဝန်ကြီး ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို လာရောက်မည်ဟု ဗီယက်နမ် ထုတ်ပြန်
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟိုအိုင်ထရန်း (Le Hoai Trung) သည် ဩဂုတ် ၂၆ ရက်(မနက်ဖြန်)တွင် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် လာရောက်ရန် စီစဉ်ထားကြောင်း ဗီယက်နမ်...
MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ကို သီးခြားစီတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြိုရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့်...
Tesla ကုမ္ပဏီက တရုတ်နိုင်ငံရှိ EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်း
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း ရောင်းချထားသော EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း CNBC သတင်းတွင် ဖော်ပြထားပါတယ်။ ယခု ပြန်လည်သိမ်းဆည်းရခြင်းမှာ လက်ကိုင်ပျောက်ဒီဇိုင်းပါရှိသည့်...
အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းတဲ့ ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တပ်မတော်ဆေးတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သင်ထောက်ကူပစ္စည်းများမှာ...
၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူး လွှတ်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ လာမည့် ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူးကို အာကာသယာဉ်နှင့် စေလွှတ်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်သမ္မတ၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်...
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်...
