// | DailyBriefNews လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီးတို့ သွားရောက်ဖူးမျှော်၊ ဗီယင်ကျန်းမြို့ရှိ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းသို့ သွားရောက်လေ့လာ -

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီးတို့ သွားရောက်ဖူးမျှော်၊ ဗီယင်ကျန်းမြို့ရှိ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းသို့ သွားရောက်လေ့လာ

ဇူလိုင် ၆၊ ၂၀၂၆

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ထက်လုံဘုရားအား ဖူးမျှော်ကြည်ညိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ထက်လုံဘုရား အနောက်ဖက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထက်လုံဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ထို့နောက် ဗီယင်ကျန်းမြို့ရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သို့ သွားရောက်လေ့လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး၊ Patuxai (Victory Gate) သို့ သွားရောက်လေ့လာ