// | DailyBriefNews ရန်ကုန်ယူနိုက်တက်အသင်းထံရောက်ရှိလာခြင်းက မိမိအတွက် အခွင့်အရေးကောင်းဟု ဘရာဇီးနောက်ခံလူ သီယာဂိုသောမတ်စ် ပြောကြား -

ရန်ကုန်ယူနိုက်တက်အသင်းထံရောက်ရှိလာခြင်းက မိမိအတွက် အခွင့်အရေးကောင်းဟု ဘရာဇီးနောက်ခံလူ သီယာဂိုသောမတ်စ် ပြောကြား

ဇူလိုင် ၃၊ ၂၀၂၆

ရန်ကုန်ယူနိုက်တက်အသင်းထံရောက်ရှိလာခြင်းက မိမိအတွက် အခွင့်အရေး ကောင်းဖြစ်ကြောင်း ဘရာဇီးနောက်ခံလူ သီယာဂိုသောမတ်စ်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဇူလိုင် ၂ ရက်က လာမယ့်ရာသီအတွက် (၅) ဦးမြောက် နိုင်ငံခြားသားကစားသမားအဖြစ် အသက် ၂၈ နှစ်ရှိ ဘရာဇီးနောက်ခံလူ သီယာ ဂိုသောမတ်စ်ကို တစ်ရာသီစာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

သီယာဂိုက”ရန်ကုန်ယူနိုက်တက်အသင်းနဲ့ အခုလို လက်တွဲ ခွင့်ရတဲ့အတွက် ကျွန်တော် အလွန်ပျော်ရွှင်မိပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဆီ ရောက်လာတာက ကျွန်တော့်အတွက် ကြီး မားတဲ့ အခွင့်အေရးကောင်းတစ်ခုပါပဲ။ အသင်းအတွက်ရော၊ အသင်းပရိသတ်တွေအတွက်ပါ ကျွန်တော် အကောင်းဆုံးပေးဆပ် ကစားသွားမှာပါ။ ဒီအသင်းမှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာဖြစ်ပြီး အသင်းကို အစွမ်းကုန် ကူညီပေးသွားမှာပါ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

အရပ် ၆ ပေ ရှိတဲ့ နောက်ခံလူ သီယာဂိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပြီး ဘရာဇီးပြည်တွင်းကလပ်အသင်းများတွင်သာ အများဆုံးကျင်လည်ခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် သီယာဂိုဟာ ဘရာဇီးကနေ မွန်ဂိုလီးယားကလပ် SP Falcon အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး မွန်ဂိုလီးယားပြည်တွင်းလိဂ် ချန်ပီယံဆုများကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သီယာဂိုဟာ SP Falcon အသင်းနဲ့အတူ AFC Challenge League ပြိုင်ပွဲများကို ဝင်ရောက်ခဲ့တဲ့ အတွေ့အကြုံ ရှိသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် သီယာဂိုဟာ SP Falcon အသင်းမှာ ရန်ကုန်ယူနိုက် တက်အသင်းက ခေါ်ယူထားတဲ့ ရုရှား တောင်ပံတိုက်စစ်ကစားသမား ဒန်နီရယ် နဲ့လည်း အတူတွဲကစားဖူးသူဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ပြည်တွင်းကစား သမားသစ် သုံးဦး၊ ပြည်ပကစားသမားသစ် လေးဦး ခေါ်ယူထားပြီး ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့တဲ့ ဂျပန်ကွင်းလယ်ကစားသမား ဆာအီတိုကို သက်တမ်းတိုးထားပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ကစားသမားသစ်များအဖြစ် ရုရှားတောင်ပံကစားသမား ဒန်နီရယ်၊ ကင်မရွန်းကွင်းလယ် ကစားသမား ဂိုင်းမစ်ချယ်၊ ကင်မရွန်း တိုက်စစ်မှူး မူစတာဖာ၊ ဘရာဇီးနောက်ခံလူ သီယာဂို၊ ပြည်တွင်းကစားသမားများအဖြစ် မောင်မောင်လွင်၊ ပြည်မိုး၊ ဟိန်းဖြိုးဝင်းတိုကို ခေါ်ယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေး