// | DailyBriefNews ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ Miss Multicultural World 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် “စိုးမဥ္ဇူလွင်” ဟာ Winner Crown ဆုကြီးကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့ -

ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ Miss Multicultural World 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် “စိုးမဥ္ဇူလွင်” ဟာ Winner Crown ဆုကြီးကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့

ဇွန်လ ၃၀ ရက်၊ ၂၀၂၆

ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ Miss Multicultural World 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ် “စိုးမဥ္ဇူလွင်” ဟာ Miss Multicultural World 2026 Winner Crown ဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။

“ညီမက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Miss Multicultural World Myanmar ကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားရောက်ယှဉ်ပြိုင်တာပါ။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ချပြခဲ့ပါတယ်။ National Costume ပိုင်းဆိုရင်လည်း အနွယ်တော်တစ်ယောက်ဖြစ်တဲ့အတွက် ဒီဇိုင်နာမြတ်သိင်္ခငယ် ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံကိုချပြခဲ့ပါတယ်။ ညီမအနေနဲ့ ခုလို Winner ဆု Crown ကိုရရှိလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ Miss Multicultural World 2026 Winner ဆုရှင်အလှမယ် စိုးမဉ္ဇူလွင်က ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်ကနေ ၂၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတကာကိုယ်စားပြုအလှမယ်တွေဖြစ်တဲ့ အိန္ဒိယ၊ USA၊ Honduras၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ရှရှား၊ ထိုင်း၊ တရုတ်၊ မွန်ဂိုလာ၊ Morocco စတဲ့ နိုင်ငံတွေက အလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြု အလှမယ် စိုးမဉ္ဇူလွင် @ Helen က ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Miss Multicultural World 2026 ပြိုင်ပွဲမှာ Winner Crown ဆုကို မြန်မာကိုယ်စားပြုအလှမယ် စိုးမဉ္ဇူလွင်၊ 1st Runner Up ဆုကို Honduras နိုင်ငံကိုယ်စားပြုအလှမယ် Nathaly Salmeron, 2nd Runner Up ဆုကို ဗီယက်နမ်ကိုယ်စားပြုအလှမယ် Tran Ha Linh, 3rd Runner Up ဆုကို ဖိလစ်ပိုင် ကိုယ်စားပြုအလှမယ် ကိုင်လာဂီဂန်တို၊ 4th Runner Up ဆုကို USA ကိုယ်စားပြုအလှမယ် Sarah Ortiz တို့ အသီးသီးရရှိခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ National Costume ကိုလည်း ဒီဇိုင်နာမြတ်သိင်္ခငယ်ဖန်တီးချုပ်လုပ်ပေးတဲ့ မြန်မာနန်းတွင်းရိုးရာဒေသကို ဖော်ကျူးထားတဲ့ဝတ်စုံတွေ ချပြခဲ့ပါတယ်။

 #စိုးမဥ္ဇူလွင် #Helen #SoeMyintzuLin #မြန်မာကိုယ်စားပြုအလှမယ် #MyanmarWinner #ဗီယက်နမ်နိုင်ငံ #MISSMULTICULTURALWORLD2026 #Winnerဆု #မြန်မာကိုယ်စားပြုအလှမယ်စိုးမဉ္ဇူလွင် #Crown #မြတ်သင်္ခငယ် #MyatThikhaNge

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတလူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်မည်
Next post အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှု တတိယမြောက်နိုင်ငံ အဖြစ် လာအိုနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်မည်