// | DailyBriefNews တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူး -

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူး

ဇွန် ၂၇၊ ၂၀၂၆

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းဟာ အမျိုးသမီးလေးယောက်တွဲ (Women Quadrant Event) ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုတို့ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းဟာ ထိုင်း၊ ကွေ့ကျိုး (တရုတ်)၊ လာအိုနဲ့ တရုတ်အသင်းတို့ကို အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။

ထို့ပြင် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင်လည်း ထိုင်း၊ ကွေ့ကျိုး (တရုတ်)၊ လာအိုနဲ့ တရုတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ ယခုနိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခြင်းနဲ့ နိုင်ငံတကာပြိုင်ပွဲများတွင် ဆက်လက်အောင်မြင်မှုရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်
Next post ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား