// | DailyBriefNews ကျူးဘားသမ္မတက အမေရိကန်ဟာ ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟုဆို -

ကျူးဘားသမ္မတက အမေရိကန်ဟာ ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟုဆို

ဇွန်လ ၂၅ ရက်၊ ၂၀၂၆

အမေရိကန်အစိုးရက ကျူးဘားပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြတ်တောက်ကာ နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်ရန်အတွက် ကျူးဘားအပေါ် အဆက်မပြတ် စစ်ပွဲဆင်နွှဲနေကြောင်း ကျူးဘားသမ္မတ မီဂွယ်လ် ဒိုင်အက်ဇ် ကာနယ်လ်က ပြောကြားခဲ့ပါတယ်။

​ဒိုင်အက်ဇ် ကာနယ်လ်က “ကျွန်တော်တို့ကို အနိုင်မယူနိုင်တဲ့အတွက် ကျူးဘားအပေါ် အမေရိကန်ရဲ့ ရန်လိုမှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာနေပါတယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဒဏ်အောက်မှာ ဘယ်နိုင်ငံမှ ဆက်လက်ရပ်တည်နိုင်မှာ ဒါမှမဟုတ် ရှင်သန်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရက ယုံကြည်နေပုံရတယ်” ဟု X (လူမှုကွန်ရက်) တွင် ရေးသားခဲ့ပါတယ်။

ကျူးဘားခေါင်းဆောင်၏အဆိုအရ အမေရိကန်အစိုးရ၏ လုပ်ရပ်များသည် ကျူးဘားနိုင်ငံ၏ ဝင်ငွေရင်းမြစ်များကို တိုက်ခိုက်နေခြင်းဖြစ်ပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် ဘဏ္ဍာရေးလမ်းကြောင်းများ၊ လောင်စာဆီထောက်ပံ့မှုများနှင့် နည်းပညာလွှဲပြောင်းမှုများကို ပိတ်ဆို့ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

​ကျူးဘားသမ္မတက ၎င်းတို့နိုင်ငံအပေါ် သက်ရောက်နေသည့် စီးပွားရေးဖိအားများသည် ခိုင်မာပြီး ပြင်းထန်မှုရှိကြောင်း ဝန်ခံခဲ့သော်လည်း ယင်းကဲ့သို့သော အခြေအနေဆိုးများအောက်တွင် ကျူးဘားပြည်သူများ၏ ခုခံတွန်းလှန်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ကို အမေရိကန်အစိုးရအနေဖြင့် အံ့အားသင့်နေရပြီဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

​ကျူးဘားနိုင်ငံသို့ ရေနံတင်ပို့သည့် မည်သည့်နိုင်ငံကိုမဆို ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်က ခြိမ်းခြောက်ကာ စွမ်းအင်အရင်းအမြစ်များ မရရှိအောင် ဖိအားပေးထားသောကြောင့် ကျူးဘားနိုင်ငံတွင် လပေါင်းများစွာကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပွဲတော်သို့ မြန်မာ့လက်ရွေးစင် Esports အားကစားအသင်း(Team Zanaka) ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ
Next post ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်