// | DailyBriefNews အမျိုးသားစာပေတစ်သက်တာဆုရှင် သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ကွယ်လွန် -

အမျိုးသားစာပေတစ်သက်တာဆုရှင် သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ကွယ်လွန်

ဇွန်လ ၂၅ ရက်၊ ၂၀၂၆

သမိုင်းမှတ်တမ်းများအပါအဝင် အဖိုးတန်စာပေလက်ရာများစွာကို ရေးသားခဲ့သည့် အမျိုးသားစာပေဆုရှင်၊ အမျိုးသားစာပေတစ်သက်တာဆုရှင်၊ စည်သူ၊ အလင်္ကာကျော်စွာ သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ သည် ဇွန် ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူသည် ကွယ်လွန်ချိန်တွင် အသက် (၉၄) နှစ်ရှိပြီဖြစ်ပြီး သတင်းစာပေ၊ သမိုင်းသုတေသနနှင့် စာပေလောကတွင် ထင်ရှားသော လက်ရာများစွာကို ဖန်တီးရေးသားခဲ့သူဖြစ်ပါတယ်။

ထို့ပြင် လူငယ်မျိုးဆက်များအား စာပေတန်ဖိုးများနှင့် မှန်ကန်သော သမိုင်းမှတ်တမ်းများကို မျှဝေပေးရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာရေးဆရာကြီးတစ်ဦးအဖြစ်လည်း စာပေလောကမှ အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post China International Sepaktak raw Open ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးပိုက်ကျော်ခြင်းအသင်း ရွှေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူး
Next post တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင် ထုတ်ပြန်မည်။