အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်

ဇွန်လ ၂၄ ရက်၊ ၂၀၂၆
မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံဟာ အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ပင်မြင့်ယံဟာ ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၂) တွင် ရန်ကုန်စီးတီး FC အသင်းနဲ့ ရင်ဆိုင်ရာမှာ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဖြင့် အသင်းသမိုင်းဝင် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဂိုးကို သွင်းယူချိန်တွင် ပင်မြင့်ယံဟာ အသက်မှာ (၁၆) နှစ်၊ (၈) လနှင့် (၂၂) ရက်သာ ရှိသေးသဖြင့် ရတနာပုံအမျိုးသမီးဘောလုံးအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် တရားဝင် စံချိန်တင်နိုင်ခဲ့ပါတယ်။
အလားအလာကောင်းများ ပြသနေတဲ့ လူငယ်ကစားသမား ပင်မြင့်ယံသည် ၎င်း၏ ထူးချွန်သည့် ခြေစွမ်းများကြောင့် ပရိသတ်များနဲ့ ဘောလုံးအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး မြန်မာအမျိုးသမီးဘောလုံးလောကရဲ့ အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါတယ်။
