// | DailyBriefNews အဆိုတော် လေးဖြူမှသည် ဦးဝိဝေကအဖြစ် သာသနာ့ဘောင် ကူးပြောင်းသွား -

အဆိုတော် လေးဖြူမှသည် ဦးဝိဝေကအဖြစ် သာသနာ့ဘောင် ကူးပြောင်းသွား

ပြည်သူတွေကချစ်တဲ့ နိုင်ငံကျော်အဆိုတော် လေးဖြူဟာ သာသနာ့ဘောင်ကူးပြောင်းသွားပြီး ဦးဝိဝေက အမည်နဲ့ ရဟန်းခံခဲ့တယ်လို့ ဓမ္မဂုဏ်ရည်ဆရာတော် အသုံးပြုတဲ့ ဓမ္မဂုဏ်ရည်- ရွှေပြည်သာအကောင့်မှာ ဖော်ပြထားပါတယ်။

ဆရာတော်ရဲ့ပစ္စည်းလေးပါးဒါယကာကြီးဖြစ်တဲ့ အဆိုတော်လေးဖြူဟာ မနေ့က သာသနာ့ဘောင် ခိုလှုံဝင်ရောက်လာခဲ့တာ အလွန် ပီတိဖြစ်ရသလို သူဆောက်လုပ်လှူဒါန်းထားတဲ့ 30 × 40 ပေ သုံးထပ် “သာသနာ့ဝိပုလကာရိနီသိမ်တော်” မှာ မနေ့က မွန်းလွဲ ၂ နာရီမှာ မြင့်မြတ်သော ပဗ္ဗဇ္ဇိတဘာဝဒုလ္လဘ ရဟန်းအဖြစ်ခံယူခွင့်ရရှိခဲ့ပြီး “ဘွဲ့မည်သညာ ခေါ်စရာကား ဦးဝိဝေက လို့လည်း ဆရာတော့်အကောင့်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၁၃၇၂ ခုနှစ် သူရဲ့သိမ်ကျောင်းရေစက်ချမှာ ဝတ်ဖို့တိုက်တွန်းခဲ့သော်လည်း အခုချိန်ရောက်မှသာ သူ့စိတ် ဆန္ဒနဲ့သူ စိတ်ပါလက်ပါ သာသနာ့ဘောင်ဝင်ရောက်လာခဲ့ခြင်းပါ။ သာသနာ့ဘောင်ဝင်ရောက်လာခိုက် သူဆောက်လုပ် လှူဒါန်းထားတဲ့”သာသနာဝိပုလကာရိနီသုံးထပ်သိမ်တော်”၊”အာဟာရသုခနှစ်ထပ်ဆွမ်းစားကျောင်ကျောင်း မတည်လှူဒါန်း”၊ “သန္တာဝါသတစ်ထပ်ကျောင်းဆောင်” တို့နဲ့မှတ်တမ်းတင်ထားဖို့ အထူးမှာကြားလိုက်ရပါတယ်” လို့လည်း ဆရာတော်က ရေးသားထားပါတယ်။

“လူဆိုတာသူ့အရွယ်နဲ့လိုက်ဖက်သော လုပ်ဆောင်မှုတွေရှိရမှာဖြစ်သလို အရွယ်နဲ့လိုက်ဖက်သော ဆင်ချင်တွေးတောမှု တွေလည်း မဖြစ်မနေရှိဖို့ လိုအပ်ပါတယ်။ အသက်သာကြီးလာတယ် နေထိုင်ပုံ ပြောဆိုပုံ အသိအလိမ္မာဥာဏ်ပညာတွေက ကြီးမလာဘူးဆိုရင် အသက်ကြီးလာရတာတန်ဖိုးမဲ့ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိရဲ့ပစ္စည်းလေးပါးဒကာတွေထဲက တစ်ဦးဖြစ်တဲ့ ဦးလေးဖြူအခုလို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ စိတ်ပါလက်ပါ သာသနာ့ဘောင် ဝင်ရောက်လာတာကို လွန်စွာပီတိ ဖြစ်ရပါတယ်။ သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်း ဘာသာရေးအလးထား တဲ့ ဦးလေးဖြူကြီး အခုလို သာသနာ့ဘောင်ဝင်ရောက်နေခြင်းကို ကြည်နူးဝမ်းသာ ပီတိဖြာ နေကြမှာပါပဲ”လို့လည်း ဆရာတော်က မျှဝေထားပါတယ်။

ပုံစာ။ ပြည်သူချစ် နိုင်ငံကျော်အဆိုတော် လေးဖြူ သာသနာ့ဘောင် ဝင်ရောက်သည့်မြင်ကွင်း(ဓာတ်ပုံ- ဓမ္မဂုဏ်ရည် – ရွှေပြည်သာ)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၅နှစ်ပြည့် Weeding Anniversary ကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ Bieber and Hailey
Next post အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ သူများကို ဂါရဝပြု ကျေးဇူးတင်ချင်ပါတယ်ဆိုတဲ့ အမရာဘို