နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ မကြာမှီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့ တရားဝင်သွားရောက်မည်

မေလ ၂၉ ရက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို မကြာမှီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။

ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတဟာ အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေးခြင်းများပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ထိုပြင် အိန္ဒိယအစိုးရအဖွဲဝင်ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲအစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကာ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမှာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတဟာ ခရီးစဉ်အတွင်းမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံ့အကျိုးအတွက်ဆွေးနွေးသွားမည်ဖြစ်ကာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

