တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံ

ဧပြီ ၂၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းအူး ကျိုင်းတုံတပ်နယ်၊ မိုင်းခတ်နှင့် မိုင်းယန်းတပ်နယ်များသို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများကို သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဧပြီလ နှစ်ဆယ့်နှစ်ရက်က ကျိုင်းတုံတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမမှာလည်းကောင်း၊ ဧပြီလ နှစ်ဆယ့်သုံးရက်မှာ မိုင်းခတ်နှင့်မိုင်းယန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား မိုင်းခတ်တပ်နယ်ခန်းမမှာလည်းကောင်း သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဇနီး ဒေါ်နီလာကာကွယ်ရေးဦးစီး ချုပ်ရေ ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်လေ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

