အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့် ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်

ဧပြီ ၂၄
နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှ တိုင်းမှူးများအနေဖြင့် စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ်ချုပ်ရေးအ မိန့်အမှတ် ၂ /၂ဝ၂၆ ဖြင့် ယမန်နေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းခဲ့ပါတယ်။

ထိုကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ပါဝင်သော ယင်း ဥပဒေကဲ့သိုအာဏာတည်သည့် အမိန့်ပါမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရအပ်နှင်းခဲ့ပါတယ်။

ထိုသို့ အပ်နှင်းခဲ့ခြင်းကြောင့် သက်ဆိုင်ရာ တိုင်းမှူးများဟာ အချိန်နှင့်တစ်ပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်ပေါ်မူတည်၍ မိမိကိုယ်တိုင် (သို့)စစ်နယ်မြေမှူးများကိုတာဝန်လွှဲအပ်ပြီး စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ခဲ့ပါတယ်။

