// | DailyBriefNews (၁၇-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၁၇-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၇-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ တိုင်းရင်းဆေးရဲ့ဂုဏ်ဒြပ်ကိုထိခိုက်အောင် ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားသွားဖို ယာယီသမ္မတပြောကြား

၂။ ရွေးကောက်ပွဲ မဲပေးနိုင်ရေး နိုင်ငံတော်က ပြင်ဆင်ဆောင်ရွက်ထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး လုံခြုံရေး ကို ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်

၃။ အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

၄။ ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲမည်

၅။ ရွေးကောက်ပွဲလုံခြုံရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့်လုံခြုံရေး စီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးပြော

၆။ မင်းကင်းပကဖတာဝန်ခံ ဦးညိုလွင်က အိမ်ထောင်ရှိ PDF မ တစ်ဦးကို နှစ်ကြိမ် မုဒိမ်းကျင့်၊ အခြား PDF မတစ်ဦးကို မယားငယ်လုပ်ကာ အိမ်ထောင်ရေးဖောက်ပြန်သည့် အစီရင်ခံစာထွက်လာ

၇။ ရှမ်းပြည်နယ်ကနေ သယ်ဆောင်လာတဲ့ ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် စစ်ကိုင်းမြိုတွင် ဖမ်းဆီးရမိ

၈။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၀ ကျပ်၊ Octane 95 – ၂၅၄၀ ကျပ်၊ Diesel – ၂၂၄၅ ကျပ်၊ Premium Diesel – ၂၆၈၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူရဲ့ အိမ်ကို နိုင်ငံတော်အထိမ်းအမှတ် ပြတိုက်အဖြစ် ကြေညာ

၂။ အမေရိကန်သိုသွားလာခွင့်ပိတ်ပင်သောနိုင်ငံ (၇) နိုင်ငံထပ်တိုးလိုက်၍ စုစုပေါင်း (၃၉) နိုင်ငံအထိရှိလာ

၃။ ဆီးရီးယား အဆောက်အအုံဟောင်းတစ်ခုထဲမှာ အစုလိုက်အပြုံလိုက် သင်္ချိုင်းတစ်ခုတွေ့ရှိ

၄။ ဆော်ဒီအာရေဗျတွင် ယခုနှစ်အတွင်း သေဒဏ်ပေးမှုစံချိန်တင်ခဲ့ပြီး အကျဉ်းသား ၃၄၀ ကွပ်မျက်ခံရ

၅။ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ယူကရိန်းကို ချေးငွေပေးမယ့် အစီအစဉ်က ဥရောပသမဂ္ဂအတွင်းအကွဲအပြဲတွေ ဖြစ်စေ

၆။ အသားကြီးများများစားခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်နှင့်မှတ်ဉာဏ်ကို ပျက်စီးစေနိုင်ဟု လေ့လာတွေ့ရှိ

အားကစားသတင်းများ

၁။ အမျိုးသမီးကစ်ဘောင်ဆင်တွင် မြန်မာကစားသမား (၂) ဦး ငွေတံဆိပ် (၂) ခု ရရှိ

၂။ ဝူရှူးအားကစားအဖွဲ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

၃။ အိန္ဒိယနိုင်ငံမှာရှိနေစဉ် လီယွန်နယ်မက်ဆီဟာ Anant Ambani က လက်ဆောင်ပေးတဲ့ အလွန်ရှားပါးတဲ့ Richard Mille RM 003 V2 “Asia Edition” နာရီကို လက်ခံရရှိခဲ့

၄။ တော့တင်ဟမ်အသင်းဖော် ရိုမဲရိုးဆီ ကမ္ဘာ့ဖလားနဲ့ပတ်သက်လို သတိပေးစကားဆိုလိုက်တဲ့ ဗန်ဒီဗန်

၅။ ဖီလစ်ပိုင်အမျိုးသမီးအသင်းဟာ ဗိုလ်လုပွဲမှာ ဗီယက်နမ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားခဲ့

အနုပညာသတင်းများ

၁။ ဇော်ရှိင်းထက်ရဲ့ အိပ်မက်က ထိုက်တန်တဲ့အချိန်မှာ အကျိုးပေးအောင်မြင်လာတာပါဆိုတဲ့ မင်းဆက်သစ်

၂။ ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ခဲ့ပြီဖြစ်တဲ့ ဟာသလူရွှင်တော် ညောင်ညောင်

၃။ ဟာသလူရွှင်တော် ငြိမ်းချမ်းရဲ့ အသက် ၆၇ နှစ်ပြည့် မွေးနေ့မင်္ဂလာအလှူအခမ်းအနား ကျင်းပ

၄။ ၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆုဗန်းကိုင်ဖို ရွှေကြိုမောင်မယ်တွေကို ပဏာမအဆင့် ရွေးချယ်ပွဲ အပိုင်းနှစ်ပိုင်းခွဲ ကျင်းပသွားမယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်