(၄-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၄-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယာယီသမ္မတ ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားသို တက်ရောက်ကြည်ညို
၂။ ရွှေတိဂုံစေတီတော်တွင် (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ အခမ်းအနား ဖွင့်ပွဲကျင်းပ
၃။ ရန်ကုန်အပါအဝင် ဒေသအချိုတွင် ဝိုင်ဖိုင်အင်တာနက်လိုင်း ဆက်လက်ပြတ်တောက်လျက်ရှိပြီး ရေအောက်ကေဘယ်ကြိုးပြတ်တောက်မှုကြောင့် ပြင်ဆင်ရန် ၅ ရက်မှ ၇ ရက်ခန့်ကြာမြင့်နိုင်
၄။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှ ဦးဆောင်၍ ပဲခူးမြိုတွင် တန်ဆောင်တိုင်ပွဲတော် လူဦးရေ(၁၅၀၀၀) စတုဒီသာ ကျွေးမွေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့
၅။ နိုဝင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်
၆။ မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအား PDF များက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
၇။ ဇနီးဖြစ်သူနဲ့ စကားများရာက ထိုင်းရောက် မြန်မာလုပ်သား အိမ်သာဆေးတဲ့ အက်စစ်ရည်သောက်ကာ အဆုံးစီရင်
၈။ နိုဝင်ဘာလ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၅ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၄၅၅ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အိန္ဒိယနိုင်ငံတွင် အရှိန်ဖြင့်မောင်းလာသော မြေကျောက်သယ်ကားက ယာဥ် ၁၇ စီးကို တိုက်မိမှုများ ဖြစ်ပွားစေကာ အနည်းဆုံး လူ ၁၃ ဦးသေဆုံး၊ ၁၈ ဦးဒဏ်ရာရ
၂။ ယူကရိန်းသို Tomahawk ဒုံးကျည်များ လွှပြောင်းပေးရေးကို ထည့်သွင်းစဉ်းစားခြင်း မရှိဟု ထရမ့် ပြော
၃။ ဂျာမနီထံမှ Patriot စနစ်အသစ်များ ရရှိထားကြောင်း ယူကရိန်း ပြောကြား
၄။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က နိုင်ဂျီးရီးယားတွင် အမေရိကန်က စစ်ရေးအရ အရေးယူမှုပြုလာနိုင်ဟု ပြောကြား
၅။ ထိုင်းတွင် အိမ်ခန်းပေါင်း ၁ ဒသမ ၆ သန်းကျော်သည် လူနေထိုင်ခြင်းမရှိဘဲ လွတ်နေသဖြင့် အိမ်ခြံမြေဈေးကွက်တွင် ဘတ် ၃ ဒသမ ၄၅ ထရီလျံ အလေအလွင့်ဖြစ်နေ
၆။ တရုတ် (တိုင်ပေ) ကို ကျူးကျော်ပါက နောက်ဆက်တွဲအကျိုးဆက်များကို တရုတ်သမ္မတရှီ နားလည်ထားကြောင်း အမေရိကန်သမ္မတ ထရန့် ပြောကြား
အားကစားသတင်းများ
၁။ မက်ဆီနဲ့ အတူတွဲကစားချင်ခဲ့တယ်လို ဝန်ခံခဲ့တဲ့ နာနီ
၂။ အီကယ်ဗွဲကို ချက်ချင်း Move On ပြလိုက်တဲ့ မမနီကိုး
၃။ ရွှေဖိနပ်ကြီးကိုင်ပြီး လီဗာပူးကို သတိပေးလိုက်တဲ့ အမ်ဘာပေ
၄။ ရီးရဲမက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို တုံပြန်လိုက်တဲ့ ဆာလီဘာ
၅။ ဒီနေ့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဘန်လေနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဗစ်တာ ယော်ကရက်စ် မပါဝင်ခဲ့ဘဲ ကီပါလည်း မပါဝင်ခဲ့
အနုပညာသတင်းများ
၁။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနား ကျင်းပ
၂။ ဆဲတာဆိုတာရိုင်းတာကို ခေတ်မီတယ်လို ထင်ရင်တော့ သူ့ရဲ့ ခေတ်မီခြင်းသည် သူနေတဲ့ Class နဲ့ပဲဆိုင်တယ်ဆိုတဲ့ နိုင်ဇော်(ဂီတမှူး)
၃။ Mrs. Asia International 2025 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အိသန္တာထွန်းက Mrs. Asia International 2025 Tourism Crown ဆုနဲ့အတူ Best National Costume၊ Goodwill Ambassador ဆုတွေရရှိခဲ့
၄။ ယနေ့စတင်ပြသတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “တိုးတိုးလေး ချစ်မယ်” ဇာတ်လမ်းတွဲမှာ နှစ်ကိုယ်ခွဲပုံစံ ကာရိုက်တာနှစ်မျိုးနဲ့ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတဲ့ လီလီကျော်ခိုင်
