(၂-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ၂၀၂၅ ခုနှစ် မိုးစပါးနှင့် ၂၀၂၆ ခုနှစ် နွေစပါးတိုအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်
၂။ ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြိုနယ်၊ပုဂံဂွေ့(ဒေသအခေါ် ပန်းကန်ကွဲ)ရွာ အနီးရှိ သောင်းကျန်းသူAA နဲ့ အပေါင်းအပါများ ထိန်းချုပ်ခဲ့သည့် ၆၆၆ပွိင့်ကုန်းကို တပ်မတော်က ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့
၃။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံထားရသည့် ဒေါ်သက်သက်ခိုင်က ရွေးကောက်ပွဲကော်မရှင်ထံ အသနားခံစာနှစ်စောင်တင်ပြထား
၄။ လူကုန်ကူးခံရသူများ ရန်ကုန်နှင့် မန္တလေးမြို၌ ဖွင့်လှစ်ထားသည့် ညွှန်းပိုချိတ်ဆက်ရေးစင်တာသို ဆက်သွယ်အကူအညီတောင်းခံနိုင်
၅။ ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို စတင်ကျင်းပနေ
၆။ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု ၄၀ တွင် တရားခံအမျိုးသား ၈၃ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၈ ဦးအထိ ရှိလာ
၇။ လက်နက်မဲ့ ပုန်းမကြည်ဆည်စောင့်ဝန်ထမ်းကို PDF လေးဦးက နေအိမ်အထိလာပြီး ပစ်သတ်
၈။ နိုဝင်ဘာလ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၅ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၄၅၅ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ တန်ဇန်နီးယားနိုင်ငံ ရွေးကောက်ပွဲ ဆန္ဒပြမှုများ၌ လူ ၇၀၀ ခန့် သေဆုံးဟု အတိုက်အခံပါတီပြောကြား
၂။ ထိုင်းနှင့်ကမ္ဘောဒီးယားတိုက နယ်စပ်ရှိ လက်နက်များကို ပြန်လည်ဖြုတ်သိမ်း
၃။ အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခု၌ လူအုပ်ပြိုမှုတစ်ခုကြောင့် အနည်းဆုံး လူဆယ်ဦး သေဆုံး
၄။ ဟားဗတ် HIV သိပ္ပံပညာရှင် တရုတ်နိုင်ငံ ဝူဟန်ရှိ အမျိုးသား ဗိုင်းရပ်စ်ဓာတ်ခွဲခန်းသို ကူးပြောင်းအလုပ်လုပ်
၅။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထပ်မံလုပ်ဆောင်သွားမယ်
၆။ တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်နစ်နာမှုရှိခဲ့ပါတယ်လို RSF အကြီးအကဲ ဝန်ခံ
အားကစားသတင်းများ
၁။ နိုဝင်ဘာလ ၇ ရက်တွင် သန့်ဇင် နှင့် ထိုင်းဖိုက်တာ ခွန်ပွန်နွိင် ထိုးသတ်မည်
၂။ V-CodeEnergy Drink က ကြီးမှူးကျင်းပတဲ့ MLBB Super League Myanmar Season 2 Play-in Stage ပွဲစဉ်ကြီးကို အမျိုးသားဇာတ်ရုံ (မြိုမကျောင်းလမ်း)မှာ ကျင်းပလျက်ရှိ
၃။ မမနီကိုးဖြတ်တာခံခဲ့ရပြီး လေလွင့်လူငယ်လေးဖြစ်တော့မယ့် သားသားလမင်း
၄။ Opta ရဲ့ စူပါကွန်ပြူတာကတော့ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အာဆင်နယ်အသင်းကို ရွေးချယ်လိုက်
၅။ Joker စတိုင်နဲ့ ဟာလန်းရဲ့ ဟောလိုဝင်းဖက်ရှင်
အနုပညာသတင်းများ
၁။ ပရိသတ်တွေရဲ့ အချစ်တော် ငယ်ဇင်တို ချစ်စရာစုံတွဲရဲ့ ချစ်သူသက်တမ်း ၆ နှစ် ၆ လပြည့် အထိမ်းအမှတ်အနေနဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကျင်းပ
၂။ ကိုယ်ချော့ရမယ့်သူတော့ လိုချင်တာပေါ့၊ ကိုယ်တိုင်က ချော့ရတာကြိုက်တယ်ဆိုတဲ့ ကျော်ထက်ဇော်
၃။ သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လှလှပပလေးနဲ့ ဟာသလေးနှောပြီး ပုံဖော်ထားတဲ့ “ယောက်ျားတွေကို စိတ်ကုန်တယ်” ရုပ်ရှင်ဇာတ်ကားကြီး စတင်ပြသနေ
