
(၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အမေရိကန်နိုင်ငံ၏ ဘက်ပေါင်းစုံကဖိအားပေးမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုသည့် မူ ၅ ချက်က ပြုပြင် ထိန်းကြောင်းပေးနိုင်မယ်လိုယူဆကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြော
၂။ ရွေးကောက်ပွဲကို ကဏ္ဍကောစ လုပ်နေလျင် ပြည်သူပဲ နစ်နာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြောကြား
၃။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ ချွီကျင့်မြို၌ ကြည့်ရှုလေ့လာ
၄။ ရခိုင်မှရွေးကောက်ပွဲလုပ်မည့် သုံးမြိုနယ်တွင် မဲပေးစနစ်အကြောင်း အသိပညာပေးခြင်းကို တစ်ပြိုင်နက်လုပ်မည်
၅။ ဒေသပါတီများထက် ပြည်ထောင်စုပါတီများက အခက်အခဲပိုရှိနိုင်
၆။ ကိုရီးယားနိုင်ငံကထည့်ဝင်သော ဒေါ်လာ ၁၀ သန်းဖြင့် ပဋိပက္ခနှင့် ငလျင်ဒဏ် ခံစားခဲ့ရသောဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များ ပေးအပ်မည်
၇။ မြိုပြရှာဖွေကယ်ဆယ်ရေး(Light USAR Team) ဖွဲစည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်နေ
၈။ စက်တင်ဘာလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၂၉၄၅ ကျပ်၊ Octane 95 – ၃၀၁၀ ကျပ်၊ Diesel – ၂၅၆၀ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အာဏာရပါတီအတွင်း တောင်းဆိုမှုများကြောင့် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ ရာထူးမှနုတ်ထွက်မည်ဟု ကြေညာ
၂။ ယူကရိန်း၏ လက်နက် ၆၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာထုတ်
၃။ ဟစ်ဇ်ဘိုလာအုပ်စု လက်နက်ဖြုတ်သိမ်းရေး လက်ဘနွန်အစိုးရအဖွဲ ထောက်ခံကြိုဆို
၄။ ထရမ့်နဲ့ ပူတင်က လက်ဝါးချင်းရိုက်နေတယ်လို ဇီလန်စကီး စွပ်စွဲ
၅။ လာမယ့်ရက်ပိုင်းအတွင်း ပူတင်နဲ့ စကားပြောဖို မျှော်လင့်ထားတယ်လို ထရမ့်ဆို
၆။ ပစိဖိတ်မီးလျှံစက်ဝိုင်းဇုန်၌ ၂၄ နာရီအတွင်း ငလျင်ကြီး ၆ ကြိမ် အဆက်မပြတ်လှုပ်
အားကစားသတင်းများ
၁။ “လက်ရွေးစင်အသင်းဖော်တွေကို ပြိုင်ဖက်အနေနဲ့ ပြန်တွေ့ရတဲ့အခါမှာလည်း ရင်ဘတ်ပေါ်က Logo အတွက် ကိုယ်စီကြိုးစားကြမှာပါ” ဆိုတဲ့ ဧရာဝတီ FC က စန်းသော်သော်နဲ့ ဇွန်ယုယဦး
၂။ အာဖရိကအသင်းတွေထဲ မော်ရိုကို ပထမဆုံး ခြေစစ်ပွဲအောင်မြင်
၃။ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း ကစားသမားဟောင်း ချိန်ဘာလိန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိ
၄။ နယ်သာလန်အသင်းအတွက် ဂိုးအများဆုံးသွင်းသူ ဒီပိုင်း ဖြစ်လာ
၅။ ဘိုင်ယန်မြူးနစ်ထံ ဂျက်ဆန် အပြီးသတ်ပြောင်းရွှေ့ဖို ဖြစ်နိုင်ဖွယ်မရှိ
အနုပညာသတင်းများ
၁။ ဇနီးကံ့ကော်ပြည့်စုံရဲ့ မန်နေဂျာ Fashion Designer ပါဆိုတဲ့ ထူးခြား
၂။ တင်မောင်ဆန်းမင်းဝင်း ချီးမြှောက်လို လက်ထောက်မင်းသားဘဝကနေ ခေါင်းဆောင်မင်းသားဖြစ်ခဲ့တာပါ ဆိုတဲ့ ဇာတ်မင်းသားစမ်းရေမိုး
၃။ အခုခေတ်မှာရှင်သန်ကြတဲ့ လူငယ်တွေရဲ့တွေးခေါ်မှုတွေက အရမ်းတော်လာကြတယ်ဆိုတဲ့ ဂျေညီမလေး
၄။ ကျော်ကျော်နန္ဒကို သိပြီးမှ ကျော်ကျော်အိန္ဒြာဆိုတာသိခဲ့တာမို ခုချိန်မှာတူမကို ကိုယ့်က Attention ပဲပေးတာပါဆိုတဲ့ ကျော်ကျော်နန္ဒ