// | DailyBriefNews မီးပွိုင့်ပျက်နေတာကို အလုအယက်ဖြတ်ရာက YBS ယာဉ်နဲ့ ကားငါးစီး ဆင့်တိုက်မှု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွား -

မီးပွိုင့်ပျက်နေတာကို အလုအယက်ဖြတ်ရာက YBS ယာဉ်နဲ့ ကားငါးစီး ဆင့်တိုက်မှု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွား

မီးပွိုင့်ပျက်‌နေချိန် တစ်ဖက်နဲ့တစ်ဖက် လုပြီးဖြတ်ကြရာက YBS ယာဉ်တစ်စီး ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ရပ်ထားတဲ့ တခြားအိမ်စီးယာဉ်ငယ်တွေအပါအဝင် ကားငါးစီးခန့် ဆင့်တိုက်မှု ဒီနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်း ရုံးတက်ချိန်မှာ ရန်ကုန်မြို့၊ သိမ်ကြီးဈေးအနီး၊ ရွှေတိဂုံဘုရားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ရွှေတိဂုံဘုရားလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်ရှိ သိမ်ကြီးဈေး ကုန်းကျော်တံတားအောက်က မီးပွိုင့်ပျက်နေတာကို ကမ်းနားလမ်းကနေတက်လာတဲ့ YBS ၁၀၇ ယာဉ်က ဖြတ်ရာမှာ မဟာဗန္ဓုလမ်းပေါ်က‌နေ ရွှေတိဂုံဘုရားလမ်းကို ကွေ့မယ့် YBS က နောက်ခြမ်းကိုဖြတ်တိုက်မိရာက YBS ၁၀၇ ယာဉ်ဟာ လည်ထွက်သွားပြီး ရွှေတိဂုံဘုရားလမ်းပေါ် ဂမုန်းပွင့် ကုန်တိုက်ဘေးနား လမ်းပေါ်ရပ်ထားတဲ့ ယာဉ်သုံးစီးကိုပါ ထပ်မံဆင့်ပြီး တိုက်မိတာလို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ သူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရုပ်သံလွှင့်တင်ထားပါတယ်။

အဆိုပါ YBS ၁၀၇ ယာဉ်ပေါ် လိုက်ပါစီးနင်းလာတဲ့ ခရီးသည် မိန်းကလေးတစ်ဦးကလည်း “တခြားကားက ဝင်တိုက်တာ။ လည်သွားပြီး ထပ်တိုက်တာ။ ဟိုဘက်ခြမ်းက ကားတွေကို ဖြစ်ဖြစ်ချင်းတုန်းက မှန်တွေကွဲသွားတော့ ထိမှာကြောက်ပြီ ထိုင်ချလိုက်တော့ လူက ဘာဖြစ်သွားမှန်းတောင်မသိလိုက်ဘူး” လို့ ဆိုပါတယ်။

ဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ လူထိခိုက်မှု အနည်းငယ်သာရှိခဲ့ပေမယ့် YBS ယာဉ်မောင်းကတော့ ထွက်ပြေးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်