
ရွေးကောက်ပွဲကျင်းပရာတွင် မည်သူ့ကိုမျှ ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီဆောင်ရွက်မည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲကျင်းပရာတွင် မည်သူ့ကိုမျှဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်တိတိကျကျ ဆောင်ရွက်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။
ဩဂုတ်လ (၂၁) ရက်က နေပြည်တော်တွင် ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်တန်းဆင်းပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ကော်မရှင် အဖွဲ့ခွဲ့အဆင့်ဆင့်အနေဖြင့် ကျန်ရှိနေသည့် ခရိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ဆင့်ပွားသင့်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုပြင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးသည့် ဦးစားပေးဖြစ်ပြီး အရေးကြီးကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်၍ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ကြရန်လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည်လုပ်ငန်းစဉ်များကိုလည်း နိုင်ငံရေးပါတီများ သိရှိအောင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ့များက ရှင်းလင်ပြောကြားပေးရန်လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ(၂၈)ရက်တွင် အပိုင်း (၁)စတင်ကျင်းပမည်ဖြစ်ပြီး မြို့နယ် (၁၀၂) မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။