// | DailyBriefNews (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ခုအပါအဝင် စုစုပေါင်းဆုတံဆိပ် ၉ ခုရရှိ -

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ခုအပါအဝင် စုစုပေါင်းဆုတံဆိပ် ၉ ခုရရှိ

ဩဂုတ်လ ၂၂ ရက်

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိသော မြန်မာအားကစားအဖွဲအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၃ ခုစုစုပေါင်းဆုတံဆိပ် ၉ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲကို ဩဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြိုတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီးပြိုင်ပွဲအားလုံးတွင် ရွှေတံဆိပ်ဆုရရှိသူများအားလုံးပြန်လည်ယှဉ်ပြိုင်သည့် ၂၀၂၅ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှူ ပြိုင်ပွဲတွင် ချမ်းမြေ့ထွန်းက Mr.South East Asia 2025 အဖြစ် Champion of Champions Overall Champion ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့သည်ဟု သိရပြီး ထိုဆုကို ယခင်က မြန်မာနိုင်ငံ မရရှိဖူးသဖြင့် ပထမဆုံးရရှိသည့် ဆုဟုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post PDF နှင့် ကယားလက်နက်ကိုင်များ ပူးပေါင်းထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြိုအား တ​ပ်မတော် ပြန်လည်ထိန်းချုပ်
Next post (၂၂-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်