// | DailyBriefNews ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၁) စတင်ပြုလုပ်မည် -

ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၁) စတင်ပြုလုပ်မည်

လွတ်တော်အသီးသီး အတွက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည် အပိုင်းလိုက်နေ့ရက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ်(၁၈)ရက်နေ့ တွင် အသိပေးထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

လာမည် ၂၀၂၅ ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေ နေ့တွင် အထွေထွေ‌ရွေးကောက်ပွဲ အပိုင်း(၁) ကို စတင်ကျင်းပမည်ပြုလုပ်မည်ဖြစ်ကြောင်း နှင့် ဆက်လက်ကျင်းပပြုလုပ်မည် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ကြေညပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၃၉၉) က၊ ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁၀) ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ရွေးကောက်ပွဲကျင်းပမည်နေ့ကို သတ်မှတ်ကြေညာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၈-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၈-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်