
(၅-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၅-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ြည်တွင်းသတင်းများ
၁။ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်အပြည့် စကျင် ကျောက်ပြားများ ခင်းကျင်းလှူဒါန်းပေးသွားမည်
၂။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိတ်ဆွေများနှင့်တွေ့ဆုံပွဲပြုလုပ်
၃။ မြန်မာ့ဆန်ကို ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်တင်ပိုနိုင်ရန် ဆွေးနွေး
၄။ နောင်ချိုမြိုနယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၄၀၀ ကျော် ပညာသင်ကြားလျက်ရှိ
၅။ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID တိုကို အတုအပပြုလုပ်သူများအား အမှုဖွင့်အရေး ယူနိုင်ရေးဆောင်ရွက်နေ
၆။ မြန်မာ-တရုတ် တရားမဝင်အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ခြင်း၊ ဖမ်းဆီးရမိတရားခံများအား ပြန်လည်လွှပြောင်းလက်ခံခြင်းများအား ဆွေးနွေး
၇။ ကျောက်မဲမြို စည်ပင်ရုံး၌ စခန်းချထားသည့် အကြမ်းဖက် TNLA စခန်းကို လေကြောင်းဖြင့် ရှင်းလင်း
၈။ ဩဂုတ်လ ၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၈၀ ကျပ်၊ Octane 95 – ၂၉၃၅ ကျပ်၊ Diesel – ၂၇၁၅ ကျပ်၊ Premium Diesel – ၃၃၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ မြန်မာနိုင်ငံမှ စစ်သံမှူးအပါအဝင် အာဆီယံ ယာယီစောင့်ကြည့်လေ့လာရေးအဖွဲက ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခဒေသများတွင် ဒုတိယအကြိမ် စစ်ဆေးမှု စတင်
၂။ ဖမ်းမိကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို လွှတ်ပေးမှာဟုတ်ဘဲ စစ်သုံပန်းအဖြစ် ထိန်းသိမ်းထားမယ်လို ထိုင်းပြော
၃။ BRICS က အခြားနိုင်ငံ၊ အဖွဲအစည်းများအပေါ် တိုက်ရိုက်ဆန့်ကျင်ခြင်းများ လုပ်မည်မဟုတ်ကြောင်း ရုရှားအစိုးရပြော
၄။ ရုရှားနှင့်တရုတ်နိုင်ငံတို၏ ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဂျပန်ပင်လယ်အတွင်း ပြုလုပ်
၅။ ခရီးဆောင်အိတ်ထဲအသက် (၂) နှစ်အရွယ်ကလေးအားတွေ့ရှိသည့်အတွက် နယူးဇီလန်အမျိုးသမီးအဖမ်းခံရ
၆။ AI စက်ရုပ်ဖြင့် သည်းခြေအိတ် စမ်းသပ်ခွဲစိတ်မှုရာနှုန်းပြည့် အောင်မြင်မှုရရှိ
အားကစားသတင်းများ
၁။ နိုင်ငံ့အားကစား အဆင့်အတန်းမြင့်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေ
၂။ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲသို ဝင်ရောက်ယှဥ်ပြိုင်ရန် မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်သို ထွက်ခွာ
၃။ ဆွန်ဟောင်မင်ကို စပါးနှင့် နယူးကာဆယ်ကစားသမားများက ဂုဏ်ပြုနှုတ်ဆက်
၄။ ဟော်လန်နောက်ခံလူ ဟာတိုကို ပေါင် ၃၇ သန်းဖြင့် ချဲလ်ဆီး ခေါ်ယူ
၅။ လေ့ကျင့်ခန်းမဆင်းသေးသည့် အီဆက်ခ်ကို နည်းပြအက်ဒီဟောင်း သတိပေး
အနုပညာသတင်းများ
၁။ သေသွားတဲ့ ဦးမေတ္တာကို ဝေဖန်တိုက်ခိုက်ပြီး ဦးမေတ္တာရဲ့ ဘယ်နှစ်ယောက်မြောက်လဲ မေးတဲ့အပေါ် စိတ်မကောင်းတော်တော်ဖြစ်မိတယ် ဆိုတဲ့ ဦးမေတ္တာရဲ့ဇနီး ဒေါ်လွင်မီမီကို
၂။ “အိပ်မက်တွေက စျေးကြီးတယ်”ရုပ်ရှင်ဇာတ်ကားကြီး သတ်မှတ်ထားတဲ့ စံချိန်ပြည့်မှီခဲ့လို နှစ်ပတ်ရုံတင်ပြသခွင့်ရ
၃။ လူရင်းတွေကပဲ ကိုယ့်နောက်ကျောကိုရော ရှေ့ကိုရော ဓားနဲ့ထိုးတာခံခဲ့ရဖူးလို နောက်ပိုင်း ပူမယ့်မီးခဲကို မကိုင်ဘဲ တိတ်ဆိတ်ခြင်းနဲ့ပဲ အနိုင်ယူလိုက်တယ် ဆိုတဲ့ Ella May (Model)